ဒုတိယအကြိမ်မြောက် အာခါရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်
NYIQ POV BYAN-E AQKAQ ZANR TAWQ LUVQ-E

ဒီဇင်ဘာလ ၂၂ မှ ၂၄ ရက်နေ့သည် အာခါလူမျိုးများ၏ ရိုးရာနှစ်သစ်ကူးပွဲတော်ကြီး အဖြစ် ၂၀၀၈ ခုနှစ်မှစတင်၍ တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ယခု အကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်သည်။

ထိုပွဲတော်အား ရှမ်းပြည်နယ်အတွင်းရှိ မြို့တိုင်းရွာတိုင်းမှာ နေထိုင်ကြသော အာခါလူမျိုးများနှင့် ထိုင်းနိုင်ငံဖက်တွင် နေထိုင်ကြသော အာခါလူမျိုးများပါရောက်လာကြမှာ ဖြစ်ပြီး ပွဲတော်တွင် ကပွဲများ အစားအသောက်များနှင့် တိုင်းရင်းသားအသုံးအဆောင်ပစ္စည်းများ ကို ရောင်းချမှာဖြစ်ပြီး ထိုင်းနိုင်ငံဖက်မှ ကစားကွင်း(ရဟတ်၊ ချား၊ လျောစီးစရာ)များနှင့် ဈေးသည်များ လာရောက်၍ ရောင်းချမှာဖြစ်ပါသည်။


{ပုံများကို အကြီးကြည့်လိုက နိပ်ပါ}

တစ်နှစ်မှတစ်ခါ ပြုလုပ်ကျင်းပသော အာခါရိုးရာနှစ်သစ်ကူးပွဲတော်ကြီးကို သုံးရက်ပြုလုပ်မှာဖြစ်သည့်အတွက်
ရပ်နီးရပ်ဝေးမှ မိတ်ဆွေများအား www.tachileik.net မှ ဖိတ်ခေါ်လိုက်ပါသည်။

ဆိုင်ကယ်အငှားယာဉ်

View Comments

တာချီလိတ်မြို့တွင် ခရီးတို ခရီးရှည်များကို လျင်မြန်စွာနှင့် ဈေးနှုန်းသက်သာစွာဖြင့် အဓိကလိုက်လံ ပို့ဆောင်ပေးသောယာဉ်မှာ အငှားဆိုင်ကယ်ယာဉ်(ဆိုင်ကယ်Taxi) များသာဖြစ်သည်။ တာချီလိတ်မြို့တွင် ရှိသော ဆိုင်ကယ်အငှားယာဉ်ကို (၁၉၈၉)ခုနှစ်ခန့်မှ စ၍ ကိုယ့်နည်းကိုယ့်ဟန်နှင့် စီးပွားရေးအဖြစ် လုပ်ကိုင်ခဲ့ကြရာမှ အငှားဆိုင်ကယ်အသင်းများစွာ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့ပါသည်။ ထို့သို့ အငှားဆိုင်ကယ်အသင်း များစွာပေါ်ပေါက်လာပြီးနောက် (၂၀၀၁)ခုနှစ် ဇူလိုင်လတွင် ဆိုင်ကယ်အသင်းသားများအားလုံး တိကျသည့်စည်းကမ်းများရှိစေရေး၊ တိုးတတ်ကောင်းမွန်ရေး၊ ဆိုင်ကယ်အသင်းသားများ၏ သာရေးနာရေးများတွင် အသင်းသားများအားလုံး စည်းလုံးစွာ ကူညီဆောင်ရွက်ပေးရေး နှင့် လူမှုရေးအသင်းအဖွဲ့များနည်းတူ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် တာချီလိတ်မြို့တွင် တစ်ခုတည်းသော တာချီလိတ်ဆိုင်ကယ်အစည်းအရုံးအား တည်ထောင်ခဲ့ပါသည်။

ယခင်က ဆိုင်ကယ်အသင်းများစွာရှိခဲ့စဉ် ဆိုင်ကယ်အသင်းသားတို့၏ အသင်း၏သင်္ကေတအဖြစ် အရောင်မျိုးစုံ ရှိကြသော်လည်း ယခု တာချီလိတ်ဆိုင်ကယ်အသင်း၏ အကျီ င်္အရောင်မှာ အားလုံးဆင်တူဖြစ်စေရန်အတွက် လိမ္မော်ရောင်ကို သတ်မှတ်ထားပါသည်။ ထို့အကျီင်္၏ အရှေ့နှင့်အနောက်ပိုင်းတွင် နံပါတ်များအစဉ်အလိုက် တပ်ထားပါသည်။
ထို့သို့နံပါတ်များအစဉ်လိုက်တပ်ထားခြင်းဖြင့် ခရီးသည်များ စိတ်ချစွာ စီးနှင်းလိုက်ပါနိုင်ပါသည်။ အငှားဆိုင်ကယ်ယာဉ်များနှင့်ပတ်သက်၍ ကျေနပ်မှုမရှိပါကလည်း တာချီလိတ်မြို့ ဆိုင်ကယ်အစည်းအရုံးသို့ တိုင်ကြားနိုင်ပါသည်။ ထိုသို့တိုင်ကြားနိုင်ရန်အတွက် မိမိစီးနှင်းလိုက်ပါလာသော ယာဉ်မောင်း၏ ကျောနံပါတ် (အငှားဆိုင်ကယ်အကျီ င်္၏အစဉ်အလိုက် သတ်မှတ်ထားသော နံပါတ်)အား မှတ်ထားရန်လိုပါသည်။ အသင်းသားအချင်းချင်းသော်၊ ခရီးသည်နှင့် အသင်းသားသော်လည်းကောင်း ပြသနာများရှိလာပါက ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှုပပျောက်အောင် တာချီလိတ်ဆိုင်ကယ် အစည်းအရုံးမှ ဖြေရှင်းပေးပါသည်။

တာချီလိတ်မြို့ကိုရောက်ရှိလာသူမှန်သမျှမှာ အငှားဆိုင်ကယ်များနှင့် ကင်းသူမရှိပါ၊ အဘယ်ကြောင့်ဆိုသော် တာချီလိတ်မြို့တွင် ခရီးတိုကို အဓိက ပံ့ပိုးသည်မှာ အငှားဆိုင်ကယ်ယာဉ်များသာဖြစ်ပေသည်။ ထိုအငှားဆိုင်ကယ်ယာဉ်များဖြင့် တာချီလိတ်မှ မိုင်းဖြတ်၊ကျိုင်းတုံ စသည့်တာချီလိတ်မြို့နှင့် နီးစပ်သော မြို့များသို့လည်း ပို့ဆောင်ပေးသည့်အပြင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့လည်း လိုက်လံပို့ဆောင်ပေးပါသည်။ ခရီးသည်များအနေဖြင့် ထိုအငှားဆိုင်ကယ်ယာဉ်များအား စိတ်ချလက်ချ စီးနင်းနိုင်ပါသည်။ ယာဉ်စီးခနှုန်းထားမှာ အတိအကျသတ်မှတ်ထားခြင်းမရှိသော်လည်း အသင့်သင့်မျှတသော အခကြေးငွေသာယူပါသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကို စည်းတစ်ခုခြားထားပါသည်။ ထိုစည်းမှာ ချောင်းတစ်ခုဖြစ်ပေသည်။ ချောင်း၏အမည်မှာ မဲခေါင်မြစ်သို့စီးဝင်သော မယ်ဆိုင်ချောင်းဖြစ်ပါသည်။ ထိုသို့တစ်နိုင်ငံနှင့် တစ်နိုင်ငံ ချောင်းခြားထားခြင်းအတွက် ကူးသန်းသွားလာနိုင်စေရန် တံတားတစ်ခုလိုအပ်သည်ကို မြန်မာ နှင့် ထိုင်း နှစ်နိုင်ငံ ဆွေးနွေးတိုင်ပင်ကြကာ တံတားတစ်ခုကို ဆောက်လုပ်ခဲ့ပါသည်။ ထို့အတူ မြန်မာ-ထိုင်းနယ်စပ်၏ မြို့ကြီးများ၌ ချစ်ကြည်ရေးတံတားများကို ဆောက်လုပ်ထားပြီးဖြစ်ပါသည်။

တာချီလိတ်မြို့တွင် တစ်ဖက်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသို့ ကူးသန်းသွားလာနိုင်ရန်အတွက် တည်ရှိနေသော ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အမှတ်(၁)တံတားကြီးကို ၁၉၅၈ခုနှစ်၌ စတင်ဆောက်လုပ်ပြီး ၁၉၆၁ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပါသည်။ တံတားကြီး၏ အရှည်မှာ ၂၉၄ပေရှိပြီး အကျယ်မှာ ၂၆ပေရှိပါသည်။ လူသွားလမ်းစကြိံအကျယ်မှာ တစ်ဖက်တစ်ဖက်တွင် ၅ပေစီ ရှိပါသည်။ ထိုချစ်ကြည်ရေး တံတားကြီးအား မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်၍ ဆောက်လုပ်ထားပါသည်။

ထိုတံတားကို တာချီလိတ်မြို့ နှင့် မယ်ဆိုင်(ထိုင်းနိုင်ငံ တစ်ဖက်ကမ်းတွင်တည်ရှိသောမြို့) ရှိ လူများအပြင် ကမ္ဘာလှည့်ခရီးသည်များလည်း နေ့စဉ်နဲ့အမျှ ကူးသန်းသွားလာလျှက်ရှိနေပါသည်။ တာချီလိတ်မြို့မှ တစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ အလုပ်ကိစ္စသော်လည်းကောင်း၊ အလည်အပတ်သော်လည်းကောင်း သွားရောက်လိုပါက ထိုတံတားကြီးပေါ်မှပင် ဖြတ်သန်းသွားရပါသည်။

ကြိုဆိုပါ၏

View Comments

ဦးစွာပထမ တာချီလိတ်မြို့ သို့အလည်တစ်ခေါက် လာရောက်ရန် ဖိတ်ခေါ်ပါသည်။



ရာဇ၀င်အထက်ထက်မှာ မြန်မာမင်းများ စော်ဘွားကြီးများ သွားလာလှုပ်ရှား နေထိုင်ခဲ့သော မြို့ကို ပြပါဆိုရင် ရှမ်းပြည်နယ်အရှေ့ပိုင်းက ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ကို ပြရမှာပဲဖြစ်ပါသည်။ ကျိုင်းတုံမြို့သည် ဒဏ္ဍာရီပုံပြင်များနှင့်  သမိုင်းအထောက်အထား များစွာတို့နှင့်  များပြားလျက်ရှိပါသည်။ ကျိုင်းတုံမြို့သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော်ဖြစ်ပါသည်။ သို့သော်လည်း ကျိုင်းတုံမြို့ကို လူအများသိပြီးကြမှာ ဖြစ်ပါသည်။ (နောက်များမှ ကျိုင်းတုံမြို့အကြောင်းကို တင်ဆက်ပါဦးမည်)။

ကျိုင်းတုံ မှ တာချီလိတ်၊ တာချီလိတ် မှ ကျိုင်းတုံသို့ ခရီးကို ယခင်က ညအိပ်ခရီးဖြင့် သွားကြရ သော်လည်း ယခုအချိန်တွင် (၃)နာရီခန့်သာ ကြာပါတော့သည်။ ထို့ကြောင့် ကျိုင်းတုံ နှင့် တာချီလိတ် ခရီးကို နေ့သွားညပြန်အနေဖြင့် သွားလာလို့ရပြီး ကျိုင်းတုံ၊ တာချီလိတ်ခရီး၏ မိုင်အရေအတွက်မှာ (၁၀၂)မိုင်သာရှိပါသည်။

တာချီလိတ်မြို့ကို ရောက်ပြီဆိုရင်ဖြင့် တာချီလိတ်မြို့တွင်၊ တိုင်းရင်းသားလူမျိုးများစွာကို တွေ့မြင်ရမှာ ဖြစ်ပါသည်။ ထိုတိုင်းရင်းသား လူမျိုးများတွင်- ဗမာ၊ ရှမ်း၊ အခါ၊ လားဟူ၊ ကရင်၊ ချင်း၊ ရခိုင်၊ ပအိုဝ်း၊ ဓနု၊  “၀” ၊ တရုတ်၊ မွတ်စလင်လူမျိုးများနှင့် အခြားလူမျိုးများစွာလည်း နေထိုင်ကြပါသည်။ တာချီလိတ်မြို့တွင် ငွေကြေးကို မြန်မာငွေ နှင့် ထိုင်း(ယိုးဒယား) ငွေ နှစ်မျိုးစလုံးကို အသုံးပြုကြသည်။ ယခုအခါ တာချီလိတ်မြို့တွင် အလည်လာသောသူများ နှင့် အလုပ်အကိုင်ကိစ္စဖြင့် လာကြသောသူများစွာ ရှိနေကြပါသည်။

တာချီလိတ်မြို့တွင် ရန်ကုန်မြို့ရှိ ရွေတိဂုံစေတီတော်မြတ်ကြီး၏ ပုံတူ စေတီတော်လည်းရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏တစ်ဖက်ကမ်းဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း သွားရောက်လည်ပတ်နိုင်ပြီး မြန်မာတို့၏ ဘုရင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ကုန်းတော်ဟုခေါ်ဆိုသော တော်ကုန်းတွင် ဘုရားဖူးရင်း တာချီလိတ်မြို့၏ ရှု့ခင်းဟာ ထိုနေရာ၌ ကြည့်ရှုခံစားနိုင်ပါသည်။ တာချီလိတ်မြို့တွင် နေ့စဉ်စည်ကားသိုက်မြိုက်သော တာလော့ဈေးခေါ် တရုတ်တန်းရှိပါသည်။ ထိုဈေးတွင် ထိုင်း၊ တရုတ် ပစ္စည်းများဖြစ်သော စက်မှုပစ္စည်းများ၊ လူအသုံးအဆောင်ပစ္စည်းများ နှင့် အခြားနိုင်ငံများမှ ကုန်ပစ္စည်းများစွာတို့ကို အထူးရောင်းချကြသည့်အပြင်
မြန်မာပြည်တွင် ထုတ်လုပ်သော ပစ္စည်းများစွာဖြစ်သော ယွန်းထည်၊ အ၀တ်အစား၊ အနုပညာပစ္စည်းများ၊ လက်ဝတ်ရတနာများ နှင့် အစားအသောက်ကုန်ပစ္စည်းများတို့ကို ရောင်းချပါသည်။ ထိုဈေး၏တည်နေရာမှာ  ထိုင်း၊ မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် တည်ရှိပါသည်။ နိုင်ငံအရပ်ရပ်မှ အလည်အပတ်လာရောက်ကြသော လူများသည် တာချီလိတ်မြို့ကို ရောက်ပြီဆိုရင်ဖြင့် ရွှေတိဂုံဘုရား နှင့် ထိုတာလော့ဈေးအားဝင်ရောက်လည်ပတ်ကြပါသည်။


တာချီလိတ်မြို့တွင် ခရီးတိုအနေဖြင့် ဟိုဟိုဒီဒီ သွားလာဖို့အတွက် အငှားယာဉ်ဖြစ်သော ဆိုင်ကယ်Taxi များစွာရှိပါသည်။ ထိုအငှား ဆိုင်ကယ်Taxi များမှာ နေရာတိုင်း၌ ရှိကြပါသည်။ ဈေးနှုန်းချိုသာစွာဖြင့် သွားလိုသော ခရီးအားအရောက် ပို့ဆောင်ပေးကြပါသည်။ ထို့အပြင် ဆိုင်ကယ်Taxi ဖြင့် ကျိုင်းတုံမြို့သို့ သွားရောက်လိုကလည်း ပို့ဆောင်ပေးပါသည်၊ ဆိုင်ကယ်ဖြင့်သွားသော် ကျိုင်းတုံ-တာချီလိတ် ခရီး၏ ကြာမြင့်ချိန်မှာ သုံးနာရီမှ လေးနာရီအတွင်းသာ ကြာမြင့်ပါသည်။ ထိုသို့သွားလာစဉ် ဆိုင်ကယ်Taxi ဖြင့် ယုံကြည်စိတ်ချစွာ သွားလာနိုင်ပါသည်။

တာချီလိတ်မြို့တွင် မြန်မာအစားအစာ၊ ထိုင်းအစားအစာ၊ ရှမ်းအစားအစာ နှင့် တရုတ်အစားအစာများကိုလည်း ရရှိနိုင်ပါသည်။ တာချီလိတ်မြို့ကို လာမည်ဆိုပါက ကားဖြင့်လာသော် ကျိုင်းတြုံမို့ မှ တဆင့် မိုင်းဖြတ်မြို့ မှတဆင့် လာရပါတယ်၊ ထိုအတူ ကျိုင်းတုံမြို့သို့ သွားမည်ဆိုပါကလည်း ထိုနည်းအတိုင်သာ။ လေကြောင်းလိုင်းဖြင့် လာလိုသော် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုဂံ စသည့် မြန်မာပြည်အရပ်ရပ်ရှိ မြို့များမှ လာလို့ရပါသည်။ တာချီလိတ်မြို့ကို ရောက်ပြီဆိုရင်ဖြင့် လူမျိုးပေါင်းစုံတို့ရဲ့ ဘာသာစကားကို နားထဲမှာ အထူးအဆန်းအနေဖြင့် ကြားရမည်မှာ မလွဲပါ...။

တာချီလိတ်မြို့၊ မြန်မာ ယာယီ မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေး ရေးရုံးမှာ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများအား ယာယီနိုင်ငံ ကူးလက်မှတ် ထုတ်ပေးလျက် ရှိပါတယ်။ တာချီလိတ်-မယ်ဆိုင် နယ်ခြား ကော်မတီ အနေနဲ့လည်း မြန်မာအ လုပ်သမား များအား ယာယီ နိုင်ငံကူး လက်မှတ် ရရှိရေး အတွက် ကူညီ ဆောင်ရွက် ပေးနေပါတယ်။ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့မှာ ရောက်နေ တဲ့ မြန်မာ အလုပ်သမား တစ်ဦးက မြန်မာနိုင်ငံမှာ ယာယီနိုင်ငံကူးလက် မှတ် ထုတ်ပေး နေတာကို ကြားသိရ ကြောင်း၊ ဘယ်လိုလုပ်ရတယ် ဆိုတာ စုံစမ်းပေးစေလိုကြောင်း မေးမြန်လာ ပါတယ်။

သက်ဆိုင်ရာ သို့ စုံစမ်းကြည့် တဲ့အခါ ယာယီ နိုင်ငံကူးလက်မှတ် လုပ်မည်ဆိုပါက ထိုင်းအလုပ်သမား ကတ် ရှိဖို့လိုကြောင်း၊ ထိုင်းအလုပ် သမားကတ်ရှိတဲ့သူအနေနဲ့ သက်ဆိုင် ရာခရိုင်မှာရှိတဲ့ အလုပ်သမားညွှန် ကြားရေးရုံးကို ဆက်သွယ်ရမှာဖြစ် ကြောင်း၊ ထိုင်းအလုပ်သမားဝန်ကြီး မှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဆီ ဆက်လက်ပေးပို့ကြောင်း၊ ပြည်ထဲ ရေးဝန်ကြီးကနေ ထိုင်းအစိုးရမှတစ် ဆင့် မြန်မာနိုင်ငံ အစိုးရကို ဆက်သွယ် ပြီး မြ၀တီ၊ ကော့သောင်း၊ တာချီ လိတ်မြို့တွေမှာရှိတဲ့ ယာယီမြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး တွေကို ခွဲတမ်းချပြီး ဆောင်ရွက်ပေး တယ်လို့ သိရပါတယ်။ ဒီနေ့အထိ တာချီလိတ်ရုံးမှာ ၁,၀၉၀ ထုတ်ပေး ပြီးဖြစ်တယ်လို့ သိရပါတယ်။ စာအုပ် သက်တမ်းကတော့ သုံးနှစ်ရှိပြီး ဗီဇာ သက်တမ်း ကတော့ နှစ်နှစ်ပေးထား တယ်လို့ ဆိုပါတယ်။ နှစ်နှစ်ပြည့်ရင် တော့ ဗီဇာဆက်လျှောက်ရမယ်လို့ သိရပါတယ်။ တစ်ချို့မြန်မာအလုပ် သမားများအနေနဲ့ ယာယီနိုင်ငံကူး လက်မှတ်လုပ်ရင် မြန်မာနိုင်ငံမှာ ကျန်ရှိတဲ့ မိဘတွေဆီမှာ အခွန်တွေ ကောက်ခံတယ်ကြားလို့ စိုးရိမ်ကြ တာလည်း ရှိပါတယ်။ အမှန်တော့ မြန်မာနိုင်ငံမှာ အခွန်ကောက်ခံတာ မရှိသလို ယာယီ နိုင်ငံကူးလက်မှတ် လုပ်တဲ့နေရာမှာလည်း ငွေကျပ် ၃,၀၀၀ ကလွဲလို့ တခြားကောက်ခံ ခြင်း မရှိမှာကို သိရပါတယ်။ ထိုင်း မှာတော့ ကောလာဟလသတင်း  များ ပျံ့နှံ့ နေခြင်းသာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

မှတ်ချက်။         ။ မောင်ဆွေငြိမ်း ရေးသားထားသော Postအား themyanmarpost မှကူးယူ၍ ဖော်ပြထားပါသည်