စစ်ကောင်စီနှင့် လက်အောက်ခံ မူဆလင်အကြမ်းဖက်အဖွဲ့များမှ ဘူးသီးတောင်မြို့ရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း AA ထုတ်ပြန်

စစ်ကောင်စီနှင့် လက်အောက်ခံ မူဆလင်အကြမ်းဖက်အဖွဲ့များမှ ဘူးသီးတောင်မြို့ရှိ ရက္ခိုင်၊ ဟိန္ဒူနှင့် တခြားမူဆလင်မဟုတ်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AAမှ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ (၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီနှင့် လက်အောက်ခံ ဘင်္ဂလီမူဆလင်အကြမ်းဖက်အဖွဲ့များဖြစ်သည့် ARSA, ARA, RSOနှင့် မကြာခင်ကမှ စစ်ကောင်စီသင်တန်းပေးခဲ့သည့် မူဆလင်လက်နက်ကိုင်များမှ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မီးရှို့ဖျက်ဆီးမှုကြောင့် ဘူးသီးတောင်မြို့ မှ ရက္ခိုင်၊ ဟိန္ဒူ နှင့် တခြားမူဆလင်မဟုတ်သူများ၏ နေအိမ်များ ပျက်စီးခဲ့ကြောင်း ရုပ်သံနှင့်တကွ AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Video : AA Info Desk