နမ့်ခမ်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးတည်ဆောက်ရန် ဒေသခံများနှင့် TNLA တွေ့ဆုံ

နမ့်ခမ်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးတည်ဆောက်ရန် ဒေသခံများနှင့် TNLA တွေ့ဆုံ

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများနှင့် ပလောင်ပြည်နယ်လွတ်ရေးတပ်ဦး(TNLA)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနတို့ ၂၀၂၄ ခုနှစ် ဧပြီလ (၁)ရက်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။ 

အခမ်းအနားကို နမ့်ခမ်းမြို့ခန်းမတွင် နံနက်(၉)နာရီမှ နေ့လယ်(၁၂)နာရီအထိ ပြုလုပ်ခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ကြီးတောင်တန်းလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ထို့နောက် အထွေထွေအုပ်ချုပ်ရေးဌာန ဗိုလ်စကိုင်းမှ တအာင်းပြည်နယ်အတွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးကိစ္စနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်ဟု ဆိုသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဥက္ကဋ္ဌ ရွေးချယ်ခြင်းကိစ္စ၊ ကလေးများ၏ ပညာရေး၊ လက်ရှိနိုင်ငံရေးအခြေအနေ၊ မိုင်းအန္တရာယ်အသိပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရားများနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို နမ့်ခမ်းမြို့နယ် ကျေးရွာအတွင်းရှိ ကျေးရွာ(၅၀)မှ ကျေးရွာဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူလူထုများနှင့် TNLA တာဝန်ရှိသူများအပါအဝင် လူဦးရေ (၁၂၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News