ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိ

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိ

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီမှ နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း Black Fox Southern Shan Local Defense Force အဖွဲ့ထံမှ သိရသည်။

၂၀၂၄ခုနှစ် ဧပြီလ (၁၆)ရက်နေ့ သင်္ကြန်အတက်နေ့တွင် ဆီဆိုင်မြို့ အနောက်တောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ (၁၀)ဦးထက်မနည်း သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် (၃)လက်နှင့် မော်တော်ယဉ်တစ်စီး သိမ်းဆည်းရမိကြောင်း ဧပြီလ (၁၉) ရက်နေ့တွင် Black Fox Southern Shan Local Defense Forceမှ ကြေငြာချက်ထုတ်ပြန်ထားသည်။

"လက်ရှိ ဆီဆိုင်မြို့နယ်မှာ တပ်က နေစဉ်နဲ့အမျှ ရရင်ရသလို စစ်ကြောင်းထိုးနေပါတယ်၊ ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့တိုက်ပွဲမှာ တော်လှန်ရေးဘက်က တစ်ယောက်တော့ထိတယ် ၊ မစိုးရိမ်ရ အခြေအနေပါ လက်မောင်းမှာကျည်ကွဲထိတာပါ" ဟု Black Fox ပြန်ကြားရေးတာဝန်ခံမှပြောသည်။

ဖမ်းစီးရရှိသည့် စစ်သုံပန်းအား နောက်တန်းဆေးရုံတွင် ဆေးကုသမှုပေးခဲ့သော်လည်း 

ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း  BLACK FOX အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းများကို အရှေ့ရိုးမ EYM တပ်ခွဲ (၁)၊ Black Fox Southern Shan Local Defense Force၊ လွိုင်ကော် local alpha 3၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နှင့် ရလလဖ တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်လျှက်ရှိကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲရှည်ကြာလာသည်နှင့်အမျှ လက်နက်ခဲယမ်းလိုအပ်ချက်များရှိလာနေပြီး အကူအညီများလိုအပ်လျှက်ရှိကြောင်း Black Fox Southern Shan Local Defense Forceမှ ဧပြီလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။

#TachileikNewsAgency