ဖာပွန်ဒေသအခြေစိုက် ခမရ(၄၃၄)နှင့် စစန-၆၄၂ တို့ကို ပူးပေါင်းတပ်များသိမ်းပိုက်

ဖာပွန်ဒေသအခြေစိုက် ခမရ(၄၃၄)နှင့် စစန-၆၄၂ တို့ကို ပူးပေါင်းတပ်များသိမ်းပိုက်

ကရင်ပြည်နယ် ဖာပွန်ဒေသအခြေစိုက် ခမရ(၄၃၄)နှင့် စစန-၆၄၂(စစ်ဝတ်တန်ဆာစုဆောင်း‌ရေးဌာန) တပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက ယမန်နေ့ ၂၀၂၄ ခုနှစ် ဧပြီလ (၂၄)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိသော်လည်း စာရင်းအတိအကျကိုမူ မကြာမီအချိန်တွင် ‌အသေးစိတ် ဖော်ပြပေးသွားမည်ဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီစခန်း(၂)ခု မကျဆုံးမှီနှင့် ကျဆုံးသွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် တိုက်ခိုက်ခြင်း အပါအဝင် ဒရုန်းလေယာဥ်ဖြင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU-Mutraw News