ဖယ်ခုံတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်သတ်၍ စစ်ရှောင် ၅ ဦးသေဆုံး

ဖယ်ခုံတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်သတ်၍ စစ်ရှောင် ၅ ဦးသေဆုံး
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ပစ်ခတ်၍ စစ်ရှောင်အရပ်သား (၅)ဦးသေဆုံးသွားပြီး ကလေးငယ် (၇)ဦး မိဘမဲ့ဖြစ်သွားရကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် ဧပြီလ (၂၃)ရက်နေ့က ကလေး (၃)ဦး၏ မိခင်နှင့် ဖခင်ဖြစ်သည့် ဦးမျိုးနှင့် ဒေါ်ရှတို့အား ပစ်သတ်ခဲ့ပြီး ဧပြီလ (၂၀)ရက်နေ့ကလည်း မိသားစုမှ ကလေး (၄)ဦး၏ မိခင်နှင့် ဖခင်ဖြစ်သူ ဦးမားကို့နှင့် ဒေါ်မူဆကော်လာတို့အပါအဝင် စစ်ရှောင် (၃)ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Kayan Women’s Organization က သတင်းထုတ်ပြန်ထားသည်။

ဧပြီလ (၂၀)ရက်နေ့က အသတ်ခံရသည့် စစ်ဘေးရှောင်များမှာ ဖယ်ခုံမြို့နယ် အင်လာကွင်း တောင်ယာတဲတွင် စစ်ဘေးရှောင်နေကြသည့် ဆွေမျိုးနီးစပ် မိသားစုနှစ်ခုမှ ဦးမာအို အသက်(၃၄)နှစ်၊ ဦးသန်းထွန်း အသက်(၃၃)နှစ်နှင့် ဒေါ်အားမူ အသက်(၃၂)နှစ်တို့ဖြစ်ကြပြီး ဧပြီလ (၂၃)ရက်နေ့က အသတ်ခံရသည့် လင်မယားနှစ်ဦးမှာ ဖယ်ခုံ ဟိန္ဓမရပ်ကွက်မှဖြစ်ကာ တောင်ယာမှ ပြန်လာကြစဉ် စစ်ကြောင်းနှင့်တိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။