တာချီလိတ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ပိတ်ပွဲနေ့တွင် ရိုးရာနှင့် လူငယ်များ၏ ဖျော်ဖြေမှုများ ပါဝင်မည်

တာချီလိတ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ပိတ်ပွဲနေ့တွင် ရိုးရာနှင့် လူငယ်များ၏ ဖျော်ဖြေမှုများ ပါဝင်မည်
နိုဝင်ဘာ 17, 2019
By 🌸


တာချီလိတ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ပိတ်ပွဲနေ့တွင် ရိုးရာနှင့် လူငယ်များ၏ ဖျော်ဖြေမှုများ ပါဝင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် ကျင်းပနေသည့် ပထမအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်၏ နောက်ဆုံးနေ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ ညပိုင်း၌ ခြင်းလုံး အလှခတ်အဖွဲ့များ၊ Bboy အက၊ တိုင်းရင်းသားရိုးရာအကနှင့် Smile Music Club ဖြင့် ဖျော်ဖြေမှုများ ရှိနေမည်ဖြစ်သည်။

မီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ (၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ (၃)ရက်ကြာကျင်းပနေခြင်းဖြစ်ပြီး ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် နေ့စဉ် နေ့လယ် (၂)နာရီမှစ၍ နေ့လွှတ်အရုပ်များလွှတ်တင်ခြင်း၊ ညပိုင်း၌ ညမီးကြီးများ လွှတ်တင်ခြင်းနှင့် ဖျော်ဖြေရေးများ တင်ဆက်နေခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ပထမအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်ကို ဒေသခံများက ကော်မတီတစ်ရပ်ဖွဲ့၍ စီစဉ်ကျင်းပနေခြင်းဖြစ်ပြီး ပွဲတော်ဖြစ်မြောက်ရေးနှင့် လုံခြုံရေးကိစ္စများအတွက် သက်ဆိုင်ရာဌာနများက ကူညီပံ့ပိုးပေးထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ #ဟန်စိုးထိုက်၊ #ကျော်ဇင်ဟိန်း

ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net