တာချီလိတ်မြို့နယ်အတွင်း လွယ်တော်ခမ်းကျေးရွာအုပ်စုသို့ သွားလမ်းပေါ်တွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

တာချီလိတ်မြို့နယ်အတွင်း လွယ်တော်ခမ်းကျေးရွာအုပ်စုသို့ သွားလမ်းပေါ်တွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း လွယ်တော်ခမ်းကျေးရွာအုပ်စုသို့ သွားလမ်းပေါ် မြစိမ်းကန် စားသောက်ဆိုင်ရှေ့တွင် အမျိုးသားတစ်ဦးအား စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မြစိမ်းကန် စားသောက်ဆိုင်ရှေ့တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေရာမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိခြင်းဖြစ်သည်။

ပါကွေ့ကျေးရွာဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ လော်ပေါ မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းထဲမှ Wy စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၄,၀၀၀)ပြား နှင့် လက်ကိုင်ဖုန်း (၁)လုံးတို့ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့် အသက်(၂၂)နှစ်အရွယ်ရှိ လော်ပေါ ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် စစ်ဆေးကာ အရေးယူထားရှိကြောင်း သိရသည်။

Tachileik News Agency