တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း ဇြန္လ(၂၀)ႏွင့္(၂၁)ရက္ေန႔မ်ားတြင္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ျပဳလုပ္ေပးမည္

တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း ဇြန္လ(၂၀)ႏွင့္(၂၁)ရက္ေန႔မ်ားတြင္ ဆိုင္ကယ္ေမာင္းလိုင္စင္မ်ား ျပဳလုပ္ေပးမည္
ဇွန် 19, 2019
By Tachileik News Agency

တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနႏွင့္ အမွတ္(၁၁၉) ယာဥ္ထိန္းတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္)တို႔ ပူးေပါင္းကာ ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ဆိုင္ကယ္ေမာင္းလိုင္စင္ရိွေစေရးအတြက္ အထူးနယ္လွည့္ကြင္းဆင္းေဆာင္ရြက္ေပးမႈအျဖစ္ ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၀)ရက္ေန႔မွ ( ၂၁) ရက္ေန႔အထိ  တာခ်ီလိတ္ၿမိဳ႕ရွိ ရွမ္းရိုးမကြင္းအတြင္း ဆိုင္ကယ္ေမာင္းလိုင္စင္မ်ားကို ျပဳလုပ္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"(၂) ရက္ ဆက္တိုက္လုပ္ေပးမွာပါ။ အဲဒီေန႔ေတြမွာ ယာဥ္ေမာင္းလိုင္စင္လုပ္တဲ့သူေတြကို ဇူလိုင္လ (၂) ရက္ေန႔မွာ ေအာင္ေဇယ်ခန္းမမွာ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအသိပညာေပးၿပီးေတာ့ လိုင္စင္ေတြထုတ္ေပးသြားမွာပါ"ဟု တာခ်ီလိတ္ခ႐ိုင္ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမွဳဦးစီးဌာနမွ  စစ္ေဆးေရးမွဴး -၂ ဦးစိုင္းဆမ္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ဇြန္လ (၂၀၊ ၂၁) ရက္ေန႔မ်ားတြင္ မနက္ (၉) နာရီမွ ေနလည္ (၂) နာရီအထိ ေဆာင္ရြက္ေပးသြားမည္ျဖစ္ၿပီး ဆိုင္ကယ္ေမာင္းလိုင္စင္ ျပဳလုပ္လိုသူမ်ားအေနျဖင့္ မွတ္ပံုတင္မူရင္း၊ မိတၱဴတစ္ေစာင္၊ ပတ္စပို႔ဓာတ္ပံု (၃) ပံုျဖင့္ လူကိုယ္တိုင္လာေရာက္ေလ်ာက္ထားႏိုင္ၿပီး (က-၁) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၁၅၀၀၀)၊ (က) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၂၅၀၀၀) က်သင့္မည္ျဖစ္ေၾကာင္း သိရသည္။

ကြင္းဆင္း၍ ဆိုင္ကယ္ေမာင္းလိုင္စင္ျပဳလုပ္ေပးခ်ိန္မ်ားတြင္ (က-၁) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၁၅,၀၀၀)၊ (က) လိုင္စင္ျပဳလုပ္ပါက က်ပ္ (၂၅,၀၀၀) က်သင့္မည္ျဖစ္ၿပီး ကြင္းဆင္းကာလမရွိသည့္ ေန႔မ်ားတြင္ တာခ်ီလိတ္ခရိုင္ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနသို႔ လာေရာက္ျပဳလုပ္ပါက (က-၁) လိုင္စင္အတြက္  က်ပ္ (၁၉,၀၀၀)၊ (က) လိုင္စင္အတြက္ က်ပ္ (၂၉,၀၀၀) က်သင့္မည္ျဖစ္ေၾကာင္း ႏွင့္ ယခုလို သတ္မွတ္ခ်က္သည္ တာခ်ီိလိတ္တစ္ခုတည္းမဟုတ္ဘဲ တစ္ႏိုင္ငံလံုးအတြက္ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း  သိရသည္။

အမ်ိဳးသားယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရးေကာင္စီရဲ႕ ရည္ရြယ္ခ်က္ (၅) ခ်က္မွ (၁) ခ်က္ျဖစ္သည့္ ၂၀၂၀ ခုႏွစ္တြင္ ေမာ္ေတာ္ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလိုင္စင္ရိွရမည္စီမံခ်က္ျဖင့္ ၂၀၁၆ ခုႏွစ္ ေမလမွစတင္ၿပီး တာခ်ီလိတ္ခရိုင္အတြင္းရိွ ရပ္ကြက္မ်ားတြင္ ကြင္းဆင္းေဆာင္ရြက္မႈမ်ားလုပ္ေဆာင္ခဲ့ၿပီး လိုင္စင္မရရိွသူမ်ားထပ္မံရရိွေစေရးအတြက္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လိုင္စင္မရွိသည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား တာခ်ီလိတ္ခရိုင္ ကညနရံုးတြင္ ရံုးဖြင့္ရက္မ်ား၌ လာေရာက္၍ ေဆာင္ရြက္ႏိုင္ၿပီး သတ္မွတ္ႏႈန္းထားမ်ားကိုလည္း လာေရာက္ေမးျမန္းႏိုင္ေၾကာင္း သိရွိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)တို့ ပူးပေါင်းကာ ဆိုင်ကယ်မောင်းနှင်သူတိုင်း ဆိုင်ကယ်မောင်းလိုင်စင်ရှိစေရေးအတွက် အထူးနယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးမှုအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ (၂၀)ရက်နေ့မှ ( ၂၁) ရက်နေ့အထိ တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းအတွင်း ဆိုင်ကယ်မောင်းလိုင်စင်များကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"(၂) ရက် ဆက်တိုက်လုပ်ပေးမှာပါ။ အဲဒီနေ့တွေမှာ ယာဉ်မောင်းလိုင်စင်လုပ်တဲ့သူတွေကို ဇူလိုင်လ (၂) ရက်နေ့မှာ အောင်ဇေယျခန်းမမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးပြီးတော့ လိုင်စင်တွေထုတ်ပေးသွားမှာပါ"ဟု တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး -၂ ဦးစိုင်းဆမ်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဇွန်လ (၂၀၊ ၂၁) ရက်နေ့များတွင် မနက် (၉) နာရီမှ နေလည် (၂) နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဆိုင်ကယ်မောင်းလိုင်စင် ပြုလုပ်လိုသူများအနဖြေင့် မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စောင်၊ ပတ်စပို့ဓာတ်ပုံ (၃) ပုံဖြင့် လူကိုယ်တိုင်လာရောက်လျောက်ထားနိုင်ပြီး (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅၀၀၀)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅၀၀၀) ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ကွင်းဆင်း၍ ဆိုင်ကယ်မောင်းလိုင်စင်ပြုလုပ်ပေးချိန်များတွင် (က-၁) လိုင်စင်ပြုလုပ်ပါက ကျပ် (၁၅,ဝဝဝ)၊ (က) လိုင်စင်ပြုလုပ်ပါက ကျပ် (၂၅,ဝဝဝ) ကျသင့်မည်ဖြစ်ပြီး ကွင်းဆင်းကာလမရှိသည့် နေ့များတွင် တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်ပြုလုပ်ပါက (က-၁) လိုင်စင်အတွက် ကျပ် (၁၉,ဝဝဝ)၊ (က) လိုင်စင်အတွက် ကျပ် (၂၉,ဝဝဝ) ကျသင့်မည်ဖြစ်ကြောင်း နှင့် ယခုလို သတ်မှတ်ချက်သည် တာချိီလိတ်တစ်ခုတည်းမဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ရည်ရွယ်ချက် (၅) ချက်မှ (၁) ချက်ဖြစ်သည့် ၂၀၂၀ ခုနှစ်တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိရမည်စီမံချက်ဖြင့် ၂၀၁၆ ခုနှစ် မေလမှစတင်ပြီး တာချီလိတ်ခရိုင်အတွင်းရှိ ရပ်ကွက်များတွင် ကွင်းဆင်းဆောင်ရွက်မှုများလုပ်ဆောင်ခဲ့ပြီး လိုင်စင်မရရှိသူများထပ်မံရရှိစေရေးအတွက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လိုင်စင်မရှိသည့် မော်တော်ဆိုင်ကယ်များအား တာချီလိတ်ခရိုင် ကညနရုံးတွင် ရုံးဖွင့်ရက်များ၌ လာရောက်၍ ဆောင်ရွက်နိုင်ပြီး သတ်မှတ်နှုန်းထားများကိုလည်း လာရောက်မေးမြန်းနိုင်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net