တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် Quarantine ထားရှိသူ (၁၁၁) ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့

တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် Quarantine ထားရှိသူ (၁၁၁) ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့
သြဂုတ် 15, 2020
By Tachileik News Agency
တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် Quarantine ထားရှိသူ (၁၁၁) ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် Quarantine ထားရှိသည့် ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၁၁၁) ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရည်သုံးပစ္စည်းများကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့မနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့သည်။
“ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျပြီးတော့ ထိုင်းအကျဉ်းထောင်တွေကနေ ပြန်လွတ်လာတဲ့ သူတွေကိုပေးတာပါ။ မြန်မာနိုင်ငံကြက်ခြေနီ ဌာနချုပ်ကနေ မြို့နယ်ကြက်ခြေနီအဖွဲ့တွေကို ပေးပို့ပြီးထောက်ပံ့ခြင်း ဖြစ်ပါတယ်။ ငွေကြေးပိုင်း ထောက်ပံ့ပေးဖို့အတွက်လည်း ဌာနချုပ်ကတော့ စီစဉ်နေပါတယ်။ ပစ္စည်းထောက်ပံ့ပေးတာတော့ တာချီလိတ်မှာ (၂၀၀) နီးပါးရှိနေပြီ”ဟု  တာချီလိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဘမိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် Quarantine ထားရှိသည့် အမျိုးသား (၇၉) ဦးအတွက် တစ်ကိုယ်ရည်သုံးပစ္စည်း (၉) မျိုးပါ ဂျပ်ဖာ (၁) ဖာ၊ ခြုံစောင် (၁) ထည်၊ ဆေးစိမ်ခြင်ထောင် (၁) လုံးစီ၊ အမျိုးသမီး (၃၂) ဦးအတွက် တစ်ကိုယ်ရည်သုံးပစ္စည်း (၁၁) မျိုးပါ အိတ် (၁) လုံး၊ ခြုံစောင် (၁) ထည်၊ ဆေးစိမ်ခြင်ထောင် (၁) လုံးစီကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် အဆိုပါ ထောက်ပံ့ပစ္စည်းများအား တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် တာချီလိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့်အဖွဲ့၀င်များ အပါအဝင် တာဝန်ရှိသူများက ပေးအပ်ရာ Quarantine  အမျိုးသား (၇၈)ဦး နှင့် အမျိုးသမီး (၃၃)ဦး စုစုပေါင်း (၁၁၁)ဦးက လက်ခံရယူခဲ့ကြခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~