ရှမ်း(ရှေ့)ကျေးလက်ဦးစီးဌာနမှ CDM မလုပ်သည့် အကြီးတန်းစာရေး (၇)ဦးကို စစ်ကောင်စီက ရာထူးတိုးပေး

ရှမ်း(ရှေ့)ကျေးလက်ဦးစီးဌာနမှ CDM မလုပ်သည့် အကြီးတန်းစာရေး (၇)ဦးကို စစ်ကောင်စီက ရာထူးတိုးပေး
မေ 30, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ မိုင်းတုံနှင့် မိုင်းယန်းမြို့နယ်များရှိ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ CDM မလုပ်သည့် ဝန်ထမ်း (၇) ဦးကို ၂၀၂၁ ခုနှစ် မေလအတွင်း ရာထူးတိုးမြှင့်ပေးထားသည်။

ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလက်အောက်ရှိ အကြီးတန်းစာရေး (၇) ဦးအား ဒုတိယဦးစီးမှူး/ ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးသို့ တိုးမြှင့်ပေးလိုက်ပြီး မက်မန်း၊ မိုင်းဆတ်၊ မိုင်းယန်း၊ တာချီလိတ်သို့ ပြောင်းရွှေ့လိုက်ကြောင်း မေလ (၂၆) ရက်နေ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက CDM ဝန်ထမ်းများအား အလုပ်မှထုတ်ပယ်ပြီး အမှုဖွင့်ဖမ်းဆီးခြင်းများကို လုပ်နေပြီး CDM မလုပ်သည့် ဝန်ထမ်းအချို့ကို ရာထူးတိုးပေးခြင်းများကို လုပ်နေသည်ကို တွေ့ရသည်။