တာချီလိတ်တွင် ပထမဆုံး ကျင်းပမည့် မီးပုံးပွဲ ပွဲတော်ကာလအတွင်း တိုင်းရင်းသားရိုးရာ အမှတ်တရ နှင့် အစားအစာများ လာရောက် ရောင်းချရန် ဖိတ်ခေါ်မ

တာချီလိတ်တွင် ပထမဆုံး ကျင်းပမည့် မီးပုံးပွဲ ပွဲတော်ကာလအတွင်း တိုင်းရင်းသားရိုးရာ အမှတ်တရ နှင့် အစားအစာများ လာရောက် ရောင်းချရန် ဖိတ်ခေါ်မ
နိုဝင်ဘာ 10, 2019
By Tachileik News Agency

တာချီလိတ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော်အား တဖက်ထိုင်းနိုင်ငံမှ ဧည့်သည်များနှင့် ခရီးသွားဧည့်သည်များ လာရောက်ရန် ရည်ရွယ်ထား၍ ပွဲတော် ကာလအတွင်း တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ နှင့် တိုင်းရင်းသားရိုးရာ အစားအစာများ လာရောက်ရောင်းချနိုင်ရန် စီစဉ်ထားသည့်အတွက် ဆိုင်ခန်းနေရာနှင့်ပတ်သက်၍ ကြိုတင်ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဆိုင်ခန်းနှင့် ပတ်သက်၍ ပွဲစမတင်မီအချိန်အထိ ကိုစိုင်းဝန်းတစ်၏ ဖုန်း ဝ၉၂၅၀၆၂၂၁၅၁ သို့ ဆက်သွယ် မေးမြန်းနိုင်မည်ဖြစ်သည်။

"ဒီပွဲက တာချီလိတ်မြို့ရဲ့ ပထမဆုံးပွဲလည်း ဖြစ်သလို ခရီးသွားလုပ်ငန်းကိုလည်း ရည်ရွယ်တဲ့အပြင် တိုင်းရင်းသားရိုးရာအမှတ်တရပစ္စည်းတွေနဲ့ တိုင်းရင်းသားရိုးအရာ အစားအစာတွေ လာရောက် ရောင်းချစေချင်တဲ့အတွက် ဆိုင်ခန်းနေရာတွေ ရရှိရေးအတွက် ကြိုတင်ဆက်သွယ်နိုင်ပါတယ်၊ ပထမဆုံး ပွဲမှာ မြိုင်မြိုင်ဆိုင်ဆိုင်လေး ဖြစ်စေချင်တဲ့အတွက် လာရောက် ရောင်းချဖို့ ဖိတ်ခေါ်ပါတယ်"ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပွဲတော်အား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ (၃)ရက်တိတိ နေ့ရော ညပါ တာချီလိတ်မြို့ ဟောင်လိတ်မီးပွိုင့်လမ်းဆုံအနီးရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

ရွှေတြိဂံဒေသ ရိုးရာမီးပုံးပျံပွဲတော်အား၏ (၃)ရက်တာ ကာလအတွင်း နေ့လွှတ် အရုပ်မီးပုံးပျံ ( ၂၈)လုံး၊ ပံ့သကူမီးပုံးပျံ (၁)လုံး နှင့် ညမီးကျည်(၄)လုံး လွှတ်တင်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net