တာချီလိတ်တွင် ပထမအကြိမ်အဖြစ် ကျင်းပမည့် ရွှတြေိဂံဒေသ ရိုးရာမီးပုံးပျံ ပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်လည်း ပါဝင်မည်

တာချီလိတ်တွင် ပထမအကြိမ်အဖြစ် ကျင်းပမည့် ရွှတြေိဂံဒေသ ရိုးရာမီးပုံးပျံ ပွဲတော်တွင် ဖျော်ဖြေရေးအစီအစဉ်လည်း ပါဝင်မည်
နိုဝင်ဘာ 12, 2019
By Tachileik News Agency

တာချီလိတ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် ရွှေတြိဂံဒေသ  ရိုးရာမီးပုံးပျံ ပွဲတော်အား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ ညနေပိုင်းက စ၍ (၃)ရက်တိတိ နေ့ရော ညပါ ကျင်းပမည်ဖြစ်ရာ ပွဲတော်ပြင်ဆင်ရေးနှင့် ဖြေဖျော်ရေးအတွက် ပွဲတော်ကျင်းပမည့် နေရာဖြစ်သည့် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းတွင် နိုဝင်ဘာလ(၁၂)ရက်နေ့ နေ့လည်ပိုင်းက ကော်မတီဝင်များတွေ့ဆုံဆွေးနွေးကြသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မီးဘေးလုံခြုံရေး ကိစ္စရပ်များ၊ ဧည့်သည်များအား နေရာချထားရေးနှင့် ဖွင့်ပွဲ ကျင်းပရေး အစီအစဉ် ကိစ္စရပ်များ အပြင် ဖျော်ဖြေရေးဆိုင်ရာ ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

 

ပွဲတော်၏ ဖွင့်ပွဲအား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့ ညနေ(၄းဝ၅)နာရီအချိန်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဖွင့်လှစ်ပြီးသည်နှင့် တပြိုင်နက် ပံ့သကူမီးပုံးပျံအား လွှတ်တင်မည်ဖြစ်သည်။

 

ပွဲတော်၏ ဖွင့်ပွဲတွင် တာချီလိတ်မြို့ရှိ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များအား ဖိတ်ကြားထားပြီး သက်ဆိုင်ရာ တိုင်းရင်းသားများအနဖြေင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အဝတ်အစားများကို ဝတ်ဆင်လာကြရန် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက မေတ္တာရပ်ခံထားကြောင်း နှင့် ဖွင့်ပွဲတွင် ရွှေမဟာကိုယ်ပိုင်ပညာအထက်တန်းကျောင်းမှ ဘင်ခရာ ပန်းပွားများဖြင့် တီးမှုတ်ကပြကာ ဖွင့်လှစ်နိုင်ရန် စီစဉ်ထားရှိပြီး ထိုင်းနိုင်ငံမှလည်း ဧည့်သည်တော်များအား ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဖွင့်ပွဲ ညနှင့် နောက်ညများတွင် တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ဒေသတွင်း လူငယ်တေးသံရှင်များ နှင့် လူငယ် အကအဖွဲ့များမှ ကပြ သီဆို ဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲပြီးနောက် ညပိုင်းတွင် မီးပုံးပျံအလုံးအသေးစား အလုံး (၄၀၀)ကို ပွဲတက်ရောက်လာသူများမှလည်း တပြိုင်နက်တည်း လွှတ်တင်ရန် စီစဉ်ထားပြီး ပွဲတော်(၃)ရက်တာ ကာလအတွင်း နေ့လွှတ်နှင့် ညလွှတ်မီးပုံး အလုံး (၃၀)ကျော် လွှတ်တင်သွားမည်ဖြစ်သည်။

ရွှေတြိဂံဒေသ  ရိုးရာမီးပုံးပျံပွဲတော်ကျင်းပနိုင်ရေးအတွက် ဒေသခံ ဟိုတယ်နှင့်စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်း ပါဝင်လှူဒါန်းထားပြီး မီးပုံးပျံဖြစ်မြောက်ရေးအတွက် 1G1 Hotel က ဘတ်(၂)သိန်း မတည်ပေးထားခြင်း ဖြစ်သည်။

 

တာချီလိတ်တွင် ကျင်းပမည့် အဆိုပါ ပွဲတော်သည် နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့၏ ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်ပြီး နှစ်စဉ် ကျင်းပနိုင်ရန်အတွက်လည်း ရည်ရွယ်ကာ စုပေါင်း လုပ်ဆောင်နကြခြေင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net