တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်တင်ယာဉ်မောင်းများ Covid-19 စစ်ဆေးပြီးမှသာ သွားလာခွင့်ရတော့မည်ဖြစ်၍ နိုဝင်ဘာလ(၂၄)ရက်နေ့က စတင်ကာ စာရင်းပေးရန်လို

တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်တင်ယာဉ်မောင်းများ Covid-19 စစ်ဆေးပြီးမှသာ သွားလာခွင့်ရတော့မည်ဖြစ်၍ နိုဝင်ဘာလ(၂၄)ရက်နေ့က စတင်ကာ စာရင်းပေးရန်လို
နိုဝင်ဘာ 23, 2020
By Tachileik News Agency
 

တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်တင်ယာဉ်မောင်းများ Covid-19 စစ်ဆေးပြီးမှသာ သွားလာခွင့်ရတော့မည်ဖြစ်၍ နိုဝင်ဘာလ(၂၄)ရက်နေ့က စတင်ကာ စာရင်းပေးရန်လို

 
တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာ - ထိုင်းနယ်စပ် နှစ်နိုင်ငံကုန်သွယ်မည့် ကုန်တင်ယာဉ်မောင်းများကို COVID 19 စစ်ဆေးပြီး Negative ဖြစ်ကြောင်း ကျန်းမာရေးထောက်ခံချက်ရှိမှ ခွင့်ပြုတော့မည်ဖြစ်ရာ ယာဉ်မောင်းများအနေဖြင့် ဆေးစစ်မှုခံယူနိုင်ရန် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၄)ရက်နေ့မှစ၍ အမည်စာရင်းပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။
"COVID 19 ဗဟိုကော်မတီက ညွှန်ကြားချက်အရ နယ်စပ်ကုန်သွယ်ရေးလုပ်နေတဲ့ ယာဉ်မောင်းတွေကို RDT နဲ့ စစ်ဆေးပေးဖို့ ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးကြတာပါ။ ထိုင်းဘက်ကလည်း သူ့ယာဉ်မောင်းသူစစ်၊ ဒီဘက်ကလည်း ကိုယ့်မြန်မာယာဉ်မောင်းတွေကို စစ်မယ်။ စစ်ဆေးခကျသင့်ငွေကတော့ ယာဉ်မောင်းက ကျခံရမယ်။ ယာဉ်မောင်းတွေအနေနဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားက ကညနအဖွဲ့မှာ မနက်ဖြန်ကစပြီး သူတို့ အသွားအပြန် လုပ်နေရင်း သတင်းပို့လို့ရတယ်။ ဒီနှစ်ရက်၊ သုံးရက်အတွင်းတော့ စာရင်းပေးဖို့လိုတယ်"ဟု တာချီလိတ်ခရိုင် COVID 19 ကာကွယ်တားဆီးထိန်းချုပ်ရေးကြီးကြပ်ရေးကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြား မြန်မာ- ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)မှနေ၍ ကုန်ပစ္စည်းသယ်နေသည့် ယာဉ်မောင်းများကို လက်ရှိတွင် မော်တော်ယာဉ်မောင်း လဲလှယ်သည့်စနစ်ဖြင့် ကုန်စည်ကူးသန်းခွင့်ပြုနေခြင်းဖြစ်ပြီး မြန်မာဘက်တွင် COVID 19 ကူးစက်ပျံ့နှံ့မှုအခြေအနေကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်နေသည့် မြန်မာကုန်တင်ယာဉ်မောင်းများကို COVID 19 စစ်ဆေးပေးရန် စီစဉ်လာခြင်းဖြစ်သည်။
မြန်မာကုန်တင်ယာဉ်မောင်းများအနေဖြင့် COVID 19 စစ်ဆေးမှုခံယူရန် နိုဝင်ဘာလ (၂၄)ရက်နေ့မှစ၍ (၃)ရက်အတွင်း စာရင်းပေးသွင်းရမည်ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~