ကိုဗစ် လူနာဟောင်းများမှာ အိုမီခရွန် ကူးစက်နိုင်ချေ များပြား

ကိုဗစ် လူနာဟောင်းများမှာ အိုမီခရွန် ကူးစက်နိုင်ချေ များပြား

COVID 19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်က ယခင် Beta နှင့် Delta ဗိုင်းရပ်စ်များထက် ကိုဗစ်လူနာဟောင်းတွင် ပြန်လည်ဖြစ်ပွားနိုင်ချေ (၃)ဆမြင့်သည်ဟု တောင်အာဖရိကကျန်းမာရေးအဖွဲ့အစည်းက နောက်ဆုံး လေ့လာတွေ့ရှိချက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့က ထုတ်ပြန်အသိပေးထားသည်။

အဆိုပါ လေ့လာတွေ့ရှိချက်မှာ ရက်ပေါင်း (၉၀)အတွင်း ကိုဗစ်ဖြစ်ပွားသည့် လူနာ (၂,၇၉၆,၉၈၂)ဦးကို ရလဒ်များအပေါ် အခြေခံ၍ လေ့လာတွေ့ရှိချက်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကူးစက်ခံထားရသူများ၏ ခန္ဓာကိုယ်မှထွက်သည့် ရောဂါခုခံအားမှာ အိုမီခရွန်ကို မတွန်းလှန်နိုင်ဘဲ ရောဂါပြန်လည်ဖြစ်ပွားနိုင်ချေမြင့်မားသည်ဟု သိရသည်။

အိုမီခရွန် ကူးစက်ပျံ့ပွားမှုမြင့်မားနေသည့် တောင်အာဖရိကတွင် ယခင် ဒုတိယလှိုင်းနှင့် တတိယလှိုင်းထက် ကိုဗစ်ကူးစက်ဖြစ်ပွားခဲ့ဖူးသည့် လူနာဟောင်းများတွင် ရောဂါပြန်လည်ဖြစ်ပွားမှု မြင့်လာနေသည်ဟု သိရသည်။

တောင်အာဖရိကတွင် အိုမီခရွန်ပျံ့ပွားမှုကြောင့် ရောဂါဖြစ်ပွားမှုနှုန်း ရုတ်တရက်မြင့်တက်လာရာ ယမန်နေ့က တစ်နေ့တာအတွင်း လူနာသစ် (၁၁၅၃၅) တိုးလာကာကြောင်း သိရသည်။

Source: CNA

ဆက်စပ်သတင်း