မြန်မာနိုင်ငံအတွင်း မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ (၃)ဦးရှိလာပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ (၂၅)ဦးရှိနေ

မြန်မာနိုင်ငံအတွင်း မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ (၃)ဦးရှိလာပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ (၂၅)ဦးရှိနေ
မတ် 25, 2020
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း မတ်လ(၂၅)ရက်နေ့ နံနက်ပိုင်းအထိ COVID-19 အတည်ပြုလူနာ (၃)ဦးရှိလာပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းသူ (၂၅)ဦးရှိနေ

မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာသည် မတ်လ(၂၅)ရက်နေ့ နံနက်အစောပိုင်းအထိ (၃)ဦးရှိလာပြီဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ (၂)ဦး နှင့် ချင်းပြည်နယ်မှ (၁)ဦးပါဝင်ရာ ၎င်းတို့ နိုင်ငံခြားခရီးမှ ပြန်လာကြသူများ ဖြစ်ကြောင်း နှင့် မတ်လ(၂၅)ရက်နေ့အထိ ဓါတ်ခွဲအဖြေစောင့်နေသူ (၂၅)ဦးရှိနေကြောင်း သိရသည်။

ပထမဆုံး COVID-19 အတည်ပြုလူနာအဖြစ် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့ ည(၁၁)နာရီကျော်က ဓါတ်ခွဲအဖြေအရ ချင်းပြည်နယ် တီးတိန်မြို့တွင် နေထိုင်သူ မြန်မာနိုင်ငံသားသည် အမေရိကန်နိုင်ငံမှ Green Card ရရှိထားကာ အမေရိကန်မှ မတ်လ(၁၃)ရက်နေ့က ပြန်ရောက်သူ အသက်(၃၆)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းသည် မတ်လ(၁၉)ရက်နေ့က ကိုယ်အပူချိန်မြင့်တက် ဖျားနာခဲ့သည့်အတွက် ဆေးခန်းသို့ သွားရောက်ပြသရာမှ တီးတိန်မြို့နယ်ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် စောင့်ကြပ်ကုသမှုပေးခဲ့ရာမှ မတ်လ(၂၂)ရက်နေ့က ၎င်း၏ ဓါတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာက မတ်လ (၂၃)ရက်နေ့ ည(၁၁)နာရီ အချိန် စမ်းသပ်စစ်ဆေးချက် အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

ကျန်အတည်ပြုလူနာတစ်ဦးဖြစ်သည့် အသက်(၂၆)နှစ်အရွယ် မြန်မာနိုင်ငံသားသည် မတ်လ(၂၂)ရက်နေ့က အင်္ဂလန်နိုင်ငံမှ ပြန်လာသူဖြစ်ကြောင်း နှင့်  ဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မရှိသော်လည်း  ဓါတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် မတ်လ(၂၅)ရက်နေ့အကူး နံနက်(၁)နာရီအချိန်တွင် သတင်းထုတ်ပြန်ထားသည့် အတည်ပြုလူနာသည် မတ်လ(၂၁)ရက်နေ့က အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ သုဝဏ္ဏဘုမိလေဆိပ်မှ တဆင့် လေကြောင်းခရီးစဉ်ဖြင့် ပြန်လာသူ အသက်(၂၆)နှစ်ရှိ မြန်မာနိုင်ငံသား အင်းစိန်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သိရပြီး ၎င်းသည် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် မတ်လ(၂၃)ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိပြီး ဓါတ်ခွဲစစ်ဆေးရာက အတည်ပြုလူနာအဖြစ် အဖြေထွက်ပေါ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း မတ်လ(၂၄)ရက်နေ့အထိ COVID-19 နှင့် ပတ်သက်၍ စောင့်ကြည့်ထားသူ (၂၃၆)ဦး နှင့် သံသယလူနာ (၂)ဦးရှိရာ ဓါတ်ခွဲစစ်ဆေးပြီးသည့် အရေအတွက်မှာ (၂၁၁)ဦးရှိပြီး ဓါတ်ခွဲဖြေစောင့်ဆိုင်းနေသည့် အရေအတွက် မှာ (၂၅)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~