COVID 19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်အတွက် ကာကွယ်ဆေးကို Pfizer က ရက်(၁၀၀)အတွင်း အဆင်သင့် ဖြစ်နိုင်ဖွယ်ရှိ

COVID 19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်အတွက် ကာကွယ်ဆေးကို Pfizer က ရက်(၁၀၀)အတွင်း အဆင်သင့် ဖြစ်နိုင်ဖွယ်ရှိ
နိုဝင်ဘာ 30, 2021 | နိုင်ငံတကာသတင်း| Covid-19

ကမ္ဘာ့နိုင်ငံများအတွက်  အလွန်အန္တရာယ်များသည့် အဆင့်တွင်ရှိနေသည်ဟု WHO က သတိပေးထားသည့် COVID 19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်အတွက် ကာကွယ်ဆေးကို  ရက် (၁၀၀)အတွင်း ဖြန့်ဝေနိုင်ဖွယ်ရှိသည်ဟု  Pfizer CEO ဖြစ်သူ Albert Bourla က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားလာသည်။

COVID 19 ၏ ယခင်မျိုးကွဲများဖြစ်ကြသည့် ဘီတာနှင့် ဒယ်လ်တာတို့အတွက် ထိရောက်သည့် ကာကွယ်ဆေးများကို လျင်မြန်စွာထုတ်ပေးနိုင်ခဲ့သည် ကိုးကား၍ပြောကြားသွားသည်ဟု သိရသည်။

လက်ရှိစမ်းသပ်ထုတ်လုပ်နေသည့် COVID 19 ကာကွယ်ဆေး သောက်ဆေးက မျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်နိုင်ဖွယ်ရှိသည်ဟု ပြောဆိုထားသည်။



Source: Nikkei Asia

 

ဆက်စပ်သတင်း