စင်္ကာပူနိုင်ငံတွင် COVID 19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ခံထားရသူ (၂)ဦးတွေ့ရှိ

စင်္ကာပူနိုင်ငံတွင် COVID 19 ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ကူးစက်ခံထားရသူ (၂)ဦးတွေ့ရှိ

စင်္ကာပူနိုင်ငံတွင် တောင်အာဖရိကနိုင်ငံများမှ ပြန်လာ၍ အသွားအလာကန့်သတ်နေထိုင်သူ (၂) ဦးတွင် အိုမီခရွန်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ (၂) ဦးလုံးမှာ စင်္ကာပူသို့ ဒီဇင်ဘာလ (၁) ရက်နေ့က ဆိုက်ရောက်လာကြသူများဖြစ်ပြီး ပြင်ပထိတွေ့မှု မရှိသေးဘဲ အသွားအလာကန့်သတ်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

နှစ်ဦးလုံးမှာ ကာကွယ်ဆေးအပြည့်အဝထိုးနှံထားသူများဖြစ်ကြပြီး လက်ရှိတွင် ချောင်းအနည်းငယ်ဆိုးကာ လည်ပင်းအနည်းငယ်နာနေကြောင်း သိရသည်။

၎င်းတို့နှစ်ဦးလုံးမှာ ဂျိုဟန်နက်စ်ဘတ်မှ တစ်ဆင့် လာကြသူများဖြစ်ပြီး လေယာဉ်ပေါ်မတက်မီ နိုဝင်ဘာလ (၂၉) ရက်နေ့က စစ်ဆေးမှုအတွင်း COVID 19 မတွေ့ရကြောင်း သိရသည်။

ယင်းနောက် စင်္ကာပူဆိုက်ရောက်ချိန်တွင် PCR ဖြင့် စစ်ဆေးရာမှ အိုမီခရွန်ကူးစက်ခံထားရသည်ကို တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။



Soruce: CNA