AA က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို နှစ်လကျော်အကြာတွင် ပြန်လွှတ်

AA က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို နှစ်လကျော်အကြာတွင် ပြန်လွှတ်
ဇန်နဝါရီ 21, 2020
By Tachileik News Agency

AA က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို နှစ်လကျော်အကြာတွင် ပြန်လွှတ်

AA က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို နှစ်လကျော်အကြာတွင် ပြန်လွှတ်
AA ကဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို (၂) လနှင့် (၁၇)ရက်အကြာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ရခိုင်နှင့် ခူမီးအမျိုးသားများအကြား ပြန်လည်သင့်မြတ်လိုသဖြင့် ဦးဝှေ့တင်းအား ပြန်လည် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

လွှတ်တော်တက်ရန်လာသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းအပါအဝင် လူ(၉)ဦးလိုက်ပါလာသည့် စပိဘုတ် (၂)စီးသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ နံနက် (၈)နာရီက ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာစဉ် AA အဖွဲ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

AA က ဖမ်းဆီးခေါ်ဆောင်ခံရသူများအနက် ကုလားတန်စီမံကိန်းမှ အိန္ဒိယနိုင်ငံသားတစ်ဦးမှာ သေဆုံးသွားပြီး နိုဝင်ဘာလ (၄) ရက်နေ့တွင် ဦးဝှေ့တင်းမှလွဲ၍ ကျန်ဖမ်းဆီးခံရသူများကို AA က ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား AA က ဖမ်းဆီးထားခြင်းအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်းနှင့် အရပ်သားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း အရေးကြီး အဆိုကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် အတည်ပြုခဲ့သည်။
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများစတင်ချိန်မှစ၍ နှစ်ဖက်အဖွဲ့အစည်းများမှ သံသယရှိသည့် အရပ်သားများကို ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

Tacheileik News Agency
ဆက်စပ်သတင်းများ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~