AA က ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လွှတ်ပေးရေး ဘာသာရေးအဖွဲ့များမှတစ်ဆင့် တောင်းဆိုရန် ပြင်ဆင်နေ

AA က ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လွှတ်ပေးရေး ဘာသာရေးအဖွဲ့များမှတစ်ဆင့် တောင်းဆိုရန် ပြင်ဆင်နေ
နိုဝင်ဘာ 6, 2019
By Tachileik News Agency
AA က ဖမ်းဆီးထားသည့် လွှတ်တော်ကိုယ်စားလှယ်ကို ပြန်လွှတ်ပေးရေး ဘာသာရေးအဖွဲ့များမှတစ်ဆင့် တောင်းဆိုရန် ပြင်ဆင်နေ

AA က ဖမ်းဆီးထားသည့် ချင်းပြည်နယ်မှ အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၆)ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးသဖြင့် ဘာသာရေးအဖွဲ့များမှ တစ်ဆင့် တောင်းဆိုသွားရန် ကြိုးစားနကြေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“လက်ရှိအနေအထားက ရှာဖွေလေ သူ့အတွက် အန္တရာယ်ရှိလေပဲ ဒီလိုတော့ဖြစ်နေတာပေါ့နော်။ ဒီလိုနေရာမှာ အခြားဌာနဆိုင်ရာတွေ ရဲရောဘာရော ဘယ်သူမှ သွားလို့မရဘူး။ တပ်မတော်ကလွဲလို့ ဘယ်သူမှ လုပ်ပေးလို့ မရတဲ့အနေအထားဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့က အခုပြောရရင်တော့ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေ၊ KBC ဥက္ကဌတွေတို့ သူတို့နဲ့ချိတ်ပြီး ဘာသာရေးနည်းနဲ့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ မနေ့ကပဲ ကျွန်တော်တို့ ချင်းခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေနဲ့။ ဒီနေ့တော့ ရန်ကုန်မှာ သူတို့အစည်းအဝေးလုပ်နကြေတယ်။ ကချင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေကမှ အကူအညီတောင်းပြီး အဲဒီကနေ ကေအိုင်အေကမှတစ်ဆင့် အဲလိုလေး တစ်ဆင့်ပေါ့နော်။ ဒါလေးက လူမျိုးရေးအရ ငြိမ်းချမ်းရေးအရ လွှတ်ပေးသင့်တယ်ဆိုတာလေးတော့ ကြိုးစားနေပါတယ်ခင်ဗျ”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၆) ရက်နေ့တွင် ပြောသည်။

လွှတ်တော်တက်ရန်လာသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် လူ(၉)ဦး လိုက်ပါလာသည့် စပိဘုတ် (၂) စီးသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ နံနက် (၈) နာရီက ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာစဉ် ပျောက်ဆုံးသွားပြီး ည (၇)နာရီ (၄၈)မိနစ် အချိန်ထိ ရှာဖွေတွေ့ရှိခြင်းမရှိဘဲဖြစ်နေရာမှ AA အဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိခဲ့ခြင်းဖြစ်သည်။

လူ(၁၀)ဦးပျောက်ဆုံးသွားကြောင်း သတင်းရသည်နှင့် ချင်းပြည်နယ်အစိုးရက ဒေသတွင်းတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်စေသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် NRPC တို့ကို သတင်းပို့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် စပိဘုတ်(၂) စီးတွင် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း)မှ အိန္ဒိယနိုင်ငံသား ဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့ ပါဝင်သည့်အနက် နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၆)နာရီက လွှတ်တော်ကိုယ်စားလှယ်မှလွဲ၍ ကျန်(၉)ဦးကို AA က လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

AA က ဖမ်းဆီးခေါ်ဆောင်သွားစဉ်အတွင်း အိန္ဒိယနိုင်ငံသားတစ်ဦးမှာ သေဆုံးသွားခဲ့ပြီး အဆိုပါ သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသားအလောင်းနှင့် လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသား (၄)ဦးတို့ကို ရန်ကုန်သို့ ခေါ်ဆောင်ရန် အိန္ဒိယသံရုံးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ချိတ်ဆက်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

AA က အရပ်သားများအား မကြာခဏဖမ်းဆီးခေါ်ဆောင်စစ်ဆေးပြီး ပြန်လွှတ်ပေးသူများစာရင်းကို နိုဝင်ဘာလ (၆)ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားရာတွင် ပထမအကြိမ်အဖြစ် ဆုထူးစံကုမ္ပဏီနှင့် နန်းမှန်သစ္စာကုမ္ပဏီမှ ဝန်ထမ်း (၉)ဦး၊ ဒုတိယအကြိမ်အဖြစ် ရွှပြေည်သစ် Express ယာဉ်မှဖမ်းဆီးထားသူများအနက်မှ (၁၂)ဦး၊ တတိယအကြိမ်အနဖြေင့် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးထားသူများအနက်မှ (၂၅)ဦးနှင့် ရွှပြေည်သစ် Express ယာဉ်ပေါ်မှ ဖမ်းဆီးထားသူများအနက်မှ ကျန်ရှိသည့် မီးသတ်တပ်ဖွဲ့ဝင် (၁၈)ဦးတို့အား AA က ပြန်လွှတ်ထားပြီးဖြစ်ရာ ဖမ်းဆီးထားသူများအနက် အရပ်သားအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းတစ်ဦးသာ ကျန်ရှိသည်ဟု ထုတ်ပြန်ထားသည်။

Tacheileik News Agency
သတင်း - ချယ်ရီထိုက်

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net