ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစကိုသာ အားကိုးရမည်ဖြစ်ကြောင်း FPNCC ဆုံးဖြတ်

ပုံအဟောင်းဖြစ်သည်။ [ Photo: FPNCC ]
ပုံအဟောင်းဖြစ်သည်။ [ Photo: FPNCC ]
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစကိုသာ အားကိုးရမည်ဖြစ်ကြောင်း FPNCC ဆုံးဖြတ်

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစကိုသာ အားကိုးရမည်ဖြစ်ကြောင်း FPNCC ဆုံးဖြတ်



ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစကိုသာ အားကိုးရမည် ဖြစ်ကြောင်း UWSA "ဝ"ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံ ရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)က ၂၀၂၃ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

“၀”ပြည်နယ် ပန်ခမ်းမြို့တွင် ၂၀၂၃ခုနှစ် မတ်လ (၁၅) ရက် မှ (၁၆) ရက်နေ့အထိ ကျင်းပပြုလုပ်သည့်  FPNCC အစည်းအဝေးမှ ယင်းသို့ သဘောထား ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်တွင်းရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ လူနည်းစုတိုင်း ရင်းသားလူမျိုးများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံငြိမ်းချမ်းရေး တည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတရပ်ကို ထူထောင်ကြရမည်ဟု ယူဆကြောင်း၊ ၎င်းအယူအဆကို အကောင်အထည်ဖော်ရန် နည်းလမ်းမျိုးစုံရှိနေသော်လည်း နောက်ဆုံးတွင် လူ နည်းစု တိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာပြည်တွင်း၌ ဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်ဆောင်ရွက်ပေးမှုအပေါ် ထောက်ခံကြောင်းလည်း ထုတ်ပြန်ထားသည်။

အစည်းအဝေးကို “၀” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းအရှေ့ အထူးဒေသသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF) တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။