ကျိုင်းတုံမြို့တွင် ဆန္ဒထုတ်ဖော်ပြီး ပြန်လာသည့် ကျောင်းသားလူငယ် (၄)ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် အရေးယူပြီး ကျိုင်းတုံထောင်ပို့

ကျိုင်းတုံမြို့တွင် ဆန္ဒထုတ်ဖော်ပြီး ပြန်လာသည့် ကျောင်းသားလူငယ် (၄)ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် အရေးယူပြီး ကျိုင်းတုံထောင်ပို့
ဖေဖော်ဝါရီ 15, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ကျိုင်းတုံမြို့တွင် ဆန္ဒထုတ်ဖော်ပြီး ပြန်လာသည့် ကျောင်းသားလူငယ် (၄)ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် အရေးယူပြီး ကျိုင်းတုံထောင်ပို့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖေါ်ပြီး လူစုခွဲ၍ ပြန်လာသည့် ကျောင်းသား လူငယ် (၄)ဦးအား ပုဒ်မ ၅၀၅(က)ဖြင့် အရေးယူပြီး ကျိုင်းတုံအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

"ရဲက ဖမ်းတာမဟုတ်ဘူး စရဖက ဖမ်းတာ။ ၅၀၅(က)နဲ့ ဖွင့်လိုက်တယ်။"ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ပြီး  လူစုခွဲ၍ ပြန်လာသည့် မောင်ဂျူးလီကျော်၊ မောင်လွှမ်းကျော်၊ မနန်းခမ်းဖူးမြတ်နှင့် မယွန်းလဲ့နန္ဒာတို့အား   လမ်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများမှာ အသက်(၁၉)နှစ်အရွယ်မှ အသက်(၂၃)နှစ်အရွယ်များ ဖြစ်ကြပြီး ၎င်းတို့အား ပြန်လည်လွှတ်ပေးရန်အတွက် ကျိုင်းတုံရဲစခန်းရှေ့တွင် ပြည်သူများက အချိန်(၃)နာရီကျော်အကြား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုသော်လည်း ပြန်လည်လွှတ်ပေးလာခြင်း မရှိဘဲ ရဲစခန်း၏ နောက်ပေါက်မှ တဆင့် ၎င်းတို့အား ကျိုင်းတုံထောင်သို့ ခေါင်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။



Tachileik News Agency