ပလက်ဝနှင့် ကျောက်တော်ကြားတွင် ပျောက်ဆုံးနေသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် လူ(၉)ဦး ရှာဖွေရေးကို ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရဖြင့် ချိတ်ဆက်ဆောင်ရွက်နေ

ပလက်ဝနှင့် ကျောက်တော်ကြားတွင် ပျောက်ဆုံးနေသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် လူ(၉)ဦး ရှာဖွေရေးကို ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရဖြင့် ချိတ်ဆက်ဆောင်ရွက်နေ
နိုဝင်ဘာ 3, 2019
By 🌸
ပလက်ဝနှင့် ကျောက်တော်ကြားတွင် ပျောက်ဆုံးနေသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါအဝင် လူ(၉)ဦး ရှာဖွေရေးကို ချင်းပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရဖြင့် ချိတ်ဆက်ဆောင်ရွက်နေ
**********

လွှတ်တော်တက်ရန်လာသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် လူ(၉)ဦးလိုက်ပါလာသည့် စပိဘုတ် (၂)စီးသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ နံနက် (၈)နာရီက ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာစဉ် ပျောက်ဆုံးနေပြီး ည (၇)နာရီ (၄၈)မိနစ်အချိန်ထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

“လောလောဆယ် ဦးဝှေ့တင်းကိစ္စက နောက်ဆုံးအခြေအနေ ဘာမှ မသိရသေးဘူး။ သူမနက်က (၈)နာရီက ပလက်ဝကနေ ကျောက်တော်ဆင်းလာတယ်။ စပိဘုတ်က ကုလားတန်မြစ်အရှေ့ဘက် ကျောက်တော်ဧရိယာ ထဲမှာ။ ချင်းပြည်နယ် ပလက်ဝက ကျော်သွားပြီးမှ ပိုင်းတန်း (ကျောက်တန်းခေါ် ပိုင်းတန်း)ပေါ့နော်။ အဲဒီမှာ တွေ့ရပေမဲ့ ပါသွားသူတွေကတော့ မတွေ့ရပါဘူး။ ကျွန်တော်တို့ ချင်းပြည်နယ်အစိုးရအနေနဲ့ကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ နောက် ကာကွယ်ရေး၊ ပြည်ထဲရေး၊ NRPC ကိုလည်း ဆက်သွယ် သတင်းပို့ထားပါတယ်။ နောက် သက်ဆိုင်ရာ နယ်မြေမှာရှိတဲ့ တပ်နဲ့ရဲကလည်း သူတို့ကြိုးစား ဆောင်ရွက်နေကြပါတယ်”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပျောက်ဆုံးနေသည့် စပိဘုတ်(၂)စီးတွင် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း)မှ အိန္ဒိယနိုင်ငံသား ဝန်ထမ်း (၄) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့ လိုက်ပါလာပြီး ပလက်ဝမှ ကျောက်တော်သို့ နံနက် (၈)နာရီက ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တော်သို့ နံနက် (၁၀) နာရီတွင် ရောက်ရှိရမည့် စပိဘုတ်များမှာ ညနေ (၄) နာရီအချိန်ထိ ရောက်ရှိလာခြင်း မရှိသဖြင့် သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ရာ တာဝန်ရှိသူများက စက်လှေပေါ် လိုက်ပါလာသူတို့၏ လက်ကိုင်ဖုန်းများအား ဆက်သွယ်သော်လည်း စက်ပိတ်ထားကြောင်း သိရသည်။
စပိဘုတ်နှစ်စီးကို ချင်းပြည်နယ်အစိုးရ၏ ညွန်ကြားချက်ဖြင့် ပလက်ဝမြို့နယ်မှ သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ ချက်ချင်းစုံစမ်းရှာဖွေရာ စပိဘုတ်နှစ်စီးကို ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် နယ်စပ်၊ ပွီဝုန်းအောက်နား ကျောက်တန်း ရခိုင်ရွာအနီးကမ်းစပ်တွင် မွန်းတည့် (၁၂) နာရီဝန်းကျင်ကတည်းက တွေ့ရှိရသည်ဟု သတင်းရရှိထားသော်လည်း ညနေ (၆)နာရီအချိန်ထိ လူ(၉)ဦးစလုံးကို ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

Tacheileik News Agency
သတင်း #ချယ်ရီထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ပလက္ဝႏွင့္ ေက်ာက္ေတာ္ၾကားတြင္ ေပ်ာက္ဆံုးေနသည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အပါအဝင္ လူ(၉)ဦး ရွာေဖြေရးကို ခ်င္းျပည္နယ္အစိုးရက ျပည္ေထာင္စုအစိုးရျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေန
**********

လႊတ္ေတာ္တက္ရန္လာသည့္ ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁)မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း အပါအဝင္ လူ(၉)ဦးလုိက္ပါလာသည့္ စပိဘုတ္ (၂)စီးသည္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၃)ရက္ေန႔ နံနက္ (၈)နာရီက ပလက္ဝမွ ေက်ာက္ေတာ္သို႔ ထြက္ခြာလာစဥ္ ေပ်ာက္ဆံုးေနၿပီး ည (၇)နာရီ (၄၈)မိနစ္အခ်ိန္ထိ ရွာေဖြေတြ႔ရိွျခင္းမရိွေသးေၾကာင္း သိရသည္။

“ေလာေလာဆယ္ ဦးေဝွ႔တင္းကိစၥက ေနာက္ဆံုးအေျခအေန ဘာမွ မသိရေသးဘူး။ သူမနက္က (၈)နာရီက ပလက္ဝကေန ေက်ာက္ေတာ္ဆင္းလာတယ္။ စပိဘုတ္က ကုလားတန္ျမစ္အေရွ႕ဘက္ ေက်ာက္ေတာ္ဧရိယာ ထဲမွာ။ ခ်င္းျပည္နယ္ ပလက္ဝက ေက်ာ္သြားၿပီးမွ ပိုင္းတန္း (ေက်ာက္တန္းေခၚ ပိုင္းတန္း)ေပါ့ေနာ္။ အဲဒီမွာ ေတြ႔ရေပမဲ့ ပါသြားသူေတြကေတာ့ မေတြ႕ရပါဘူး။ ကၽြန္ေတာ္တုိ႔ ခ်င္းျပည္နယ္အစိုးရအေနနဲ႔ကေတာ့ ျပည္ေထာင္စုအစိုးရအဖြဲ႕ကို တင္ျပထားပါတယ္။ ေနာက္ ကာကြယ္ေရး၊ ျပည္ထဲေရး၊ NRPC ကိုလည္း ဆက္သြယ္ သတင္းပို႔ထားပါတယ္။ ေနာက္ သက္ဆုိင္ရာ နယ္ေျမမွာရိွတဲ့ တပ္နဲ႔ရဲကလည္း သူတုိ႔ႀကိဳးစား ေဆာင္ရြက္ေနၾကပါတယ္”ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရိွသူ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေပ်ာက္ဆံုးေနသည့္ စပိဘုတ္(၂)စီးတြင္ ခ်င္းျပည္နယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း၊ ကုလားတန္စီမံကိန္း (ပလက္၀-ဇိုရမ္ပြီလမ္းပိုင္း)မွ အိႏၵိယႏိုင္ငံသား ဝန္ထမ္း (၄) ဦး၊ စကားျပန္ (၂) ဦး၊ စပိဘုတ္ေမာင္းသူ (၂) ဦးတို႔ လုိက္ပါလာၿပီး ပလက္ဝမွ ေက်ာက္ေတာ္သို႔ နံနက္ (၈)နာရီက ထြက္ခြာလာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္ေတာ္သို႔ နံနက္ (၁၀) နာရီတြင္ ေရာက္ရွိရမည့္ စပိဘုတ္မ်ားမွာ ညေန (၄) နာရီအခ်ိန္ထိ ေရာက္ရွိလာျခင္း မရွိသျဖင့္ သက္ဆိုင္ရာသို႔ သတင္းေပးပို႔ခဲ့ရာ တာဝန္ရိွသူမ်ားက စက္ေလွေပၚ လုိက္ပါလာသူတုိ႔၏ လက္ကိုင္ဖုန္းမ်ားအား ဆက္သြယ္ေသာ္လည္း စက္ပိတ္ထားေၾကာင္း သိရသည္။

စပိဘုတ္ႏွစ္စီးကို ခ်င္းျပည္နယ္အစိုးရ၏ ၫြန္ၾကားခ်က္ျဖင့္ ပလက္ဝၿမိဳ႕နယ္မွ သက္ဆိုင္ရာဌာန တာ၀န္ရွိသူမ်ားမွ ခ်က္ခ်င္းစုံစမ္းရွာေဖြရာ စပိဘုတ္ႏွစ္စီးကို ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္ နယ္စပ္၊ ပြီဝုန္းေအာက္နား ေက်ာက္တန္း ရခိုင္႐ြာအနီးကမ္းစပ္တြင္ မြန္းတည့္ (၁၂) နာရီဝန္းက်င္ကတည္းက ေတြ႕ရွိရသည္ဟု သတင္းရရိွထားေသာ္လည္း ညေန (၆)နာရီအခ်ိန္ထိ လူ(၉)ဦးစလံုးကို ရွာေဖြေတြ႔ရိွျခင္းမရိွေသးေၾကာင္း သိရသည္။

Tacheileik News Agency
သတင္း #ခ်ယ္ရီထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net