AA က ဖမ်းဆီးထားသည့် ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်၏ အခြေအနေကို မသိရသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောဆို

AA က ဖမ်းဆီးထားသည့် ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်၏ အခြေအနေကို မသိရသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောဆို
နိုဝင်ဘာ 4, 2019
By Tachileik News Agency
AA က ဖမ်းဆီးထားသည့် ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်၏ အခြေအနေကို 
မသိရသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ပြောဆို
********

AA က ဖမ်းဆီးထားသည့် ချင်းပြည်နယ်မှ အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ တိုက်ရိုက်အဆက်အသွယ်လည်း ပြတ်တောက်နေသဖြင့် အသေးစိတ်အခြေအနေ မသိရသေးကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

 “လောလောဆယ်တော့ သူနဲ့တော့ တိုက်ရိုက်အဆက်အသွယ်မရဘူး။ ဒါပေမဲ့ မနက်က ခိုင်သုခဖြေတဲ့ အဖြေ နောက်ဒုတိယထပ်ဖြေတဲ့ဟာနဲ့ကတော့ သူတို့မေးမြန်းတာပြီးရင်တော့ ပြန်လွှတ်ပေးမယ်လို့ ခိုင်သုခဖြေထားတာတော့ တွေ့ရပါတယ်ဗျ။ အခုထိတော့ မထူးပါဘူး။ ကျွန်တော်တို့ဘက်က တိုက်ရိုက်ချိတ်ဆက်လို့ မရဘူးဖြစ်နေတော့ ခိုင်သုခ မီဒီယာမှာ ဖြေတဲ့အဖြေကတော့ အဲလိုလေးဖြစ်ပါတယ်ခင်ဗျ”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၄)ရက်နေ့ ည(၆)နာရီခွဲတွင် ပြောသည်။

လွှတ်တော်တက်ရန်လာသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် လူ(၉)ဦးလိုက်ပါလာသည့် စပိဘုတ် (၂)စီးသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ နံနက် (၈)နာရီက ပလက်ဝမှ ကျောက်တော်သို့ ထွက်ခွာလာစဉ် ပျောက်ဆုံးသွားပြီး ည (၇)နာရီ (၄၈)မိနစ် အချိန်ထိ ရှာဖွေတွေ့ရှိခြင်းမရှိဘဲဖြစ်နေရာမှ AA အဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိခဲ့ခြင်းဖြစ်သည်။

လူ(၁၀)ဦးပျောက်ဆုံးသွားကြောင်း သတင်းရသည်နှင့် ချင်းပြည်နယ်အစိုးရက ဒေသတွင်းတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်စေသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ကို တင်ပြခြင်း၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် NRPC တို့ကို သတင်းပို့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် စပိဘုတ်(၂)စီးတွင် ချင်းပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း၊ ကုလားတန်စီမံကိန်း (ပလက်ဝ-ဇိုရမ်ပွီလမ်းပိုင်း)မှ အိန္ဒိယနိုင်ငံသား ဝန်ထမ်း (၅) ဦး၊ စကားပြန် (၂) ဦး၊ စပိဘုတ်မောင်းသူ (၂) ဦးတို့ ပါဝင်သည့်အနက် နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၆)နာရီက လွှတ်တော်ကိုယ်စားလှယ်မှလွဲ၍ ကျန်(၉)ဦးကို AA က လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

AA ကဖမ်းဆီးခေါ်ဆောင်သွားစဉ်အတွင်း အိန္ဒိယနိုင်ငံသားတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း သိရပြီး အဆိုပါ သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသားအလောင်းနှင့် လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသား (၄)ဦးတို့ကို ရန်ကုန်သို့ ခေါ်ဆောင်ရန် အိန္ဒိယသံရုံးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံ ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝှေ့တင်းသည် ပလက်ဝမြို့နယ် ဝေးလံမြို့နယ်များ လူမှုဖွံ့ဖြိုးရေးစီမံကိန်း၊ မြို့နယ်အလုပ်အမှုဆောင် သတင်းနှင့်ပြန်ကြားရေးတာဝန်၊ ပလက်ဝမြို့နယ် ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပလက်ဝမြို့နယ် ခူမီးလူငယ်များအသင်း အတွင်းရေးမှူးနှင့် ခူမီးရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၏ လူငယ်အဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Tacheileik News Agency
သတင်း - ချယ်ရီထိုက်

ဆက်စပ်သတင်းများ



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

AA က ဖမ္းဆီးထားသည့္  ခ်င္းျပည္နယ္မွ  လႊတ္ေတာ္ကိုယ္စားလွယ္၏ အေျခအေနကို 
မသိရေသးေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ေျပာဆို
********

AA က ဖမ္းဆီးထားသည့္ ခ်င္းျပည္နယ္မွ အမ်ိဳးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းမွာ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၄)ရက္ေန႔အထိ ျပန္လည္လြတ္ေျမာက္လာျခင္းမရိွေသးဘဲ တုိက္ရိုက္အဆက္အသြယ္လည္း ျပတ္ေတာက္ေနသျဖင့္ အေသးစိတ္အေျခအေန မသိရေသးေၾကာင္း ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရိွသူထံမွ သိရသည္။

 “ေလာေလာဆယ္ေတာ့ သူနဲ႔ေတာ့ တုိက္ရိုက္အဆက္အသြယ္မရဘူး။ ဒါေပမဲ့ မနက္က ခုိင္သုခေျဖတဲ့ အေျဖ ေနာက္ဒုတိယထပ္ေျဖတဲ့ဟာနဲ႔ကေတာ့ သူတို႔ေမးျမန္းတာၿပီးရင္ေတာ့ ျပန္လႊတ္ေပးမယ္လုိ႔ ခုိင္သုခေျဖထားတာေတာ့ ေတြ႔ရပါတယ္ဗ်။ အခုထိေတာ့ မထူးပါဘူး။ ကၽြန္ေတာ္တို႔ဘက္က တုိက္ရိုက္ခ်ိတ္ဆက္လုိ႔ မရဘူးျဖစ္ေနေတာ့ ခုိင္သုခ မီဒီယာမွာ ေျဖတဲ့အေျဖကေတာ့ အဲလိုေလးျဖစ္ပါတယ္ခင္ဗ်”ဟု ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရိွသူ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ႏိုဝင္ဘာလ (၄)ရက္ေန႔ ည(၆)နာရီခြဲတြင္ ေျပာသည္။

လႊတ္ေတာ္တက္ရန္လာသည့္ ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁)မွ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း အပါအဝင္ လူ(၉)ဦးလုိက္ပါလာသည့္ စပိဘုတ္ (၂)စီးသည္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၃)ရက္ေန႔ နံနက္ (၈)နာရီက ပလက္ဝမွ ေက်ာက္ေတာ္သို႔ ထြက္ခြာလာစဥ္ ေပ်ာက္ဆံုးသြားၿပီး ည (၇)နာရီ (၄၈)မိနစ္ အခ်ိန္ထိ ရွာေဖြေတြ႔ရိွျခင္းမရိွဘဲျဖစ္ေနရာမွ AA အဖြဲ႕က ဖမ္းဆီးသြားေၾကာင္း သတင္းရရိွခဲ့ျခင္းျဖစ္သည္။

လူ(၁၀)ဦးေပ်ာက္ဆံုးသြားေၾကာင္း သတင္းရသည္ႏွင့္ ခ်င္းျပည္နယ္အစိုးရက ေဒသတြင္းတာဝန္ရိွသူမ်ားႏွင့္ ခ်ိတ္ဆက္၍ ရွာေဖြေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေစသည့္အျပင္  ျပည္ေထာင္စုအစိုးရအဖြဲ႕ကို တင္ျပျခင္း၊ ကာကြယ္ေရး၊ ျပည္ထဲေရးႏွင့္ NRPC  တုိ႔ကို သတင္းပို႔ျခင္းမ်ားကို ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ေပ်ာက္ဆံုးေနသည့္ စပိဘုတ္(၂)စီးတြင္ ခ်င္းျပည္နယ္မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း၊ ကုလားတန္စီမံကိန္း (ပလက္၀-ဇိုရမ္ပြီလမ္းပိုင္း)မွ အိႏၵိယႏိုင္ငံသား ဝန္ထမ္း (၅) ဦး၊ စကားျပန္ (၂) ဦး၊ စပိဘုတ္ေမာင္းသူ (၂) ဦးတို႔ ပါဝင္သည့္အနက္ ႏိုဝင္ဘာလ (၄)ရက္ေန႔ နံနက္ (၆)နာရီက လႊတ္ေတာ္ကိုယ္စားလွယ္မွလြဲ၍ က်န္(၉)ဦးကို AA က လႊတ္ေပးလုိက္ျခင္းျဖစ္သည္။

AA ကဖမ္းဆီးေခၚေဆာင္သြားစဥ္အတြင္း အိႏၵိယႏုိင္ငံသားတစ္ဦးမွာ ေသဆံုးသြားခဲ့ေၾကာင္း သိရၿပီး အဆိုပါ ေသဆံုးသြားသည့္ အိႏၵိယႏုိင္ငံသားအေလာင္းႏွင့္ လြတ္ေျမာက္လာသည့္ အိႏၵိယႏုိင္ငံသား (၄)ဦးတုိ႔ကို ရန္ကုန္သို႔ ေခၚေဆာင္ရန္ အိႏၵိယသံရံုးက ရခုိင္ျပည္နယ္အစုိးရအဖြဲ႕ထံ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ခ်င္းျပည္နယ္ မဲဆႏၵနယ္အမွတ္ (၁၁)မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္တင္ေျမႇာက္ ခံထားရသည့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွ ဦးေဝွ႔တင္းသည္ ပလက္ဝၿမိဳ႕နယ္ ေဝးလံၿမိဳ႕နယ္မ်ား လူမႈဖြံ႕ၿဖိဳးေရးစီမံကိန္း၊ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ သတင္းႏွင့္ျပန္ၾကားေရးတာဝန္၊ ပလက္ဝၿမိဳ႕နယ္ ခူမီးစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ တြဲဖက္အတြင္းေရးမွဴး၊ ပလက္ဝၿမိဳ႕နယ္ ခူမီးလူငယ္မ်ားအသင္း အတြင္းေရးမွဴးႏွင့္ ခူမီးေရးရာေပါင္းစပ္ညႇိႏႈိင္းေရးေကာင္စီ၏ လူငယ္အဖြဲ႕ဝင္အျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

Tacheileik News Agency
သတင္း - ခ်ယ္ရီထုိက္

ဆက္စပ္သတင္းမ်ား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net