ပင်လည်ဘူးတွင် အာဏာသိမ်းအဖွဲ့၏ သတင်းပေးသူဟု ယူဆရသူတစ်ဦး၏ နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွား

ပင်လည်ဘူးတွင် အာဏာသိမ်းအဖွဲ့၏ သတင်းပေးသူဟု ယူဆရသူတစ်ဦး၏ နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွား
By Tachileik News Agency

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ပြည်သူများ၏ အချက်အလက်ကို အာဏာသိမ်းအဖွဲ့သို့ သတင်းပေးနေသူဟု ဒေသခံများက သံသယရှိသူ၏ နေအိမ်တစ်လုံးတွင် ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့ နံနက် (၄)နာရီဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။



အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း အုတ်နံရံနှင့် အိမ်ခေါင်မိုး၊ နေအိမ်ကြမ်းခင်းများ ပွင့်ထွက်သွားသည်ဟု သိရသည်။



ပေါက်ကွဲမှုဖြစ်ပွားရာ နေအိမ်တွင် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့များ ရောက်ရှိစစ်ဆေးနေကြပြီး နေ့လယ်ပိုင်းတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြကာ ပေါက်ကွဲမှုအကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။



ပေါက်ကွဲမှုဖြစ်ပွားသည့်နေအိမ်မှာ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပြည်သူ့ကောင်းကျိုးဆောင်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပညာရေးဝန်ထမ်းဟောင်း ဦးမောင်ကို၏နေအိမ်ဖြစ်ကြောင်း သိရသည်။