တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များ လိုက်နာရန်နှင့် လိုအပ်ပါက မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများထံ အကူအညီတောင်းရန် ထုတ်ပြန်

တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များ လိုက်နာရန်နှင့် လိုအပ်ပါက မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများထံ အကူအညီတောင်းရန် ထုတ်ပြန်
ဇန်နဝါရီ 26, 2020
By Tachileik News Agency

တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များ လိုက်နာရန်နှင့် လိုအပ်ပါက မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံးများထံ အကူအညီတောင်းရန် ထုတ်ပြန်

တရုတ်နိုင်ငံတွင် ဝူဟန်အဆုတ်ရောင်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မြို့များကို အဝင်အထွက်ပိတ်ပြီး ဆောင်ရွက်နေရာ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များအား လိုက်နာကြရန်နှင့် အကူအညီလိုအပ်ပါက မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများထံ ဆက်သွယ်ကြရန် အသိပေးထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ရောင် ရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံတွင်း အခြားဒေသများအပြင် အခြားနိုင်ငံများသို့ပါ ကူးစက်ပျံ့ပွားလာသဖြင့် ရောဂါကူးစက်ပျံ့ပွားမှုထိန်းချုပ်ရေးအတွက် တရုတ်နိုင်ငံတွင်း မြို့များကို ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့် ပိတ်ဆို့ခြင်းများ တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့အနေဖြင့် မြန်မာနိုင်ငံသားများအတွက် လိုအပ်သည်များကို ချိတ်ဆက်ပံ့ပိုးကူညီမှုများ လုပ်ဆောင်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာပြည်နယ်များအလိုက် ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် အပြင်ထွက်ချိန်၊ နာမကျန်းဖြစ်ချိန်များတွင် နှာခေါင်းစည်း တပ်ဆင်ရန်၊ ချောင်းဆိုး နှာချေလျှင် ပါးစပ်အား ဖုံးအုပ်ရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုပြီး လက်ကို ဆပ်ပြာဖြင့် မကြာခဏဆေးကြောရန်၊ လူထူထပ်သည့်နေရာများသို့ သွားလာမှုနှင့် ဖျားနာသူများကို ထိတွေ့မှု ရှောင်ကြဉ်ရန်၊ အသားစိမ်း ငါးစိမ်းများနှင့် အသက်ရှင်/သေဆုံးပြီး တိရစ္ဆာန်များကို အကာအကွယ်မဲ့ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြည်/ရန်နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားပါက ဆေးဝါးကုသခံယူမှု ချက်ချင်းပြုလုပ်ကြရန် မြန်မာသံရုံးက အသိပေးနှိုးဆော်ထားသည်။
 တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကူအညီလိုအပ်ပါက
 ပေကျင်းမြို့ မြန်မာသံရုံး ဖုန်း +86 010 65320360 ၊ +86 18301614095 အီးမေးလ် - [email protected]
ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး +86 87168162814၊ +86 17687001874
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး +86 7715672845 ၊ +86 18577145939
ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး +852 28450810၊ +852 5499825

Tachileik News Agency

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~