ဟူပေ နှင့် ဝူဟန်ရောက် မြန်မာကျောင်းသားများအား အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သွားရောက် ခေါ်ဆောင်နိုင်ဖွယ်ရှိဟူပေ နှင့် ဝူဟန်ရောက် မြန်မာကျောင်းသားများအား အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သွားရောက် ခေါ်ဆောင်နိုင်ဖွယ်ရှိ

ဟူပေ နှင့် ဝူဟန်ရောက် မြန်မာကျောင်းသားများအား အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သွားရောက် ခေါ်ဆောင်နိုင်ဖွယ်ရှိဟူပေ နှင့် ဝူဟန်ရောက် မြန်မာကျောင်းသားများအား အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သွားရောက် ခေါ်ဆောင်နိုင်ဖွယ်ရှိ
ဇန်နဝါရီ 31, 2020
By Tachileik News Agency
 

ဟူပေ နှင့် ဝူဟန်ရောက်  မြန်မာကျောင်းသားများအား အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် သွားရောက် ခေါ်ဆောင်နိုင်ဖွယ်ရှိ

တရုတ်နိုင်ငံ ဟူပေပြည်နယ် နှင့် ဝူဟန်မြို့ရှိ မြန်မာကျောင်းသူ ကျောင်းသားများအား ခေါ်ယူမည့် မြန်မာအမျိုးသား လေကြောင်းလိုင်းကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ ညနက်ပိုင်းတွင် ဝူဟန်မြို့ နိုင်ငံတကာလေဆိပ်သို့ ဆင်းသက်ခွင့်ပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာကျောင်းသား၊ကျောင်းသူများကို လာခေါ်နိုင်ရေးအတွက် မြန်မာ့လေယာဉ် ဆင်းသက်ခွင့်ရရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံ  ပေကျင်းမြို့ မြန်မာသံရုံးက ဇန်နဝါရီလ (၃၁)ရက်နေ့တွင် သံတမန်စာ ထပ်မံပေးပို့ချက်အား ယင်းကဲ့သို့တုန့်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နေရပ်ပြန်မည့် မြန်မာ ကျောင်းသား ကျောင်းသူများ ပြင်ဆင်ထားရမည့် အချက်များကို အသိပေးထားပြီး သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ လေဆိပ်သွားရောက်နိုင်ရေးကိုလည်း မြန်မာသံရုံးက ပြင်ဆင်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်လာမည့် မြန်မာကျောင်းသူကျောင်းသားများကို မန္တလေးမြို့ရှိ သီးသန့်ဆောင်တွင် ထားရှိကာ ကျန်းမာရေး စောင့်ကြည့်စစ်ဆေးခြင်းများကို ဆက်လက်လုပ်ဆောင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရတို့က ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်အဆုတ်ရောင် (ကော်ရိုနာဗိုင်းရပ်စ်) ကူးစက်ခံရသူနှင့် သေဆုံးသူမြင့်လာနေဆဲဖြစ်ပြီး တရုတ်နိုင်ငံတွင်း မြို့များကို အဝင်အထွက်ပိတ်၍ ရောဂါထိန်းချုပ်နိုင်ရန် ကြိုးစားနေရာ ဝူဟန်မြို့တွင် ပိတ်မိနေသည့် မိမိတို့နိုင်ငံသား ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကို နေရပ်ပြန်ခေါ်ရေးကို နိုင်ငံအသီးသီးက ဆောင်ရွက်နေကြခြင်းဖြစ်သည်။

၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် နိုင်ငံတော်အဆင့် ဖွဲ့စည်းလိုက်သည့်  2019 Novel Coronavirus (2019-nCov) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ လုပ်ငန်းစဉ် အမှတ်စဉ်(၁၂)တွင် "ဝူဟန်မြို့တွင် ရောက်ရှိနေသော  မြန်မာကျောင်းသားများအား အထူးလေယာဉ်(Charter Flight )ဖြင့် ပြန်လည်ခေါ်ယူရေး ဆောင်ရွက်ရန် နှင့်  မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ/ကျောင်းသားများအား ကိုရိုနာဗိုင်းရပ် ကူးစက်မှု ရှိ/မရှိ လိုအပ်သော ကျန်းမာရေးအရ စောင့်ကြပ်စစ်ဆေးမှုများကို စနစ်တကျပြုလုပ်သွားရန်"ဆိုသည့် အချက် ပါဝင်သည်။

ဝူဟန်အဆုတ်ရောင်ရောဂါ (ကော်ရိုနာဗိုင်းရပ်စ်)ကူးစက်ပျံ့ပွားမှုသည်  တရုတ်နိုင်ငံ အပါအဝင် ထိုင်း၊ ဂျပန်၊ စင်္ကာပူ၊ သြစတေးလျ၊ မလေးရှား၊ ပြင်သစ်၊ အမေရိကန်၊ ဂျာမဏီ၊ အီတလီ၊ ‌တောင်ကိုရီးယား၊ အမေရိကန်၊ အာရပ်ဆော်ဘွားများနိုင်ငံ၊ ကနေဒါ၊ ဗီယက်နမ်၊ က‌မ္ဘောဒီးယား၊ ဖင်လန်၊ အိန္ဒိယ၊ နီပေါ၊ ဖီလစ်ပိုင်နှင့် သီရိလင်္ကာနိုင်ငံ စသည့် နိုင်ငံပေါင်း (၂၀)သို့ ရောက်ရှိနေပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နေ့လည်(၁၂)နာရီ ဝန်းကျင်အထိတွင် ကူးစက်ခံရသူ စုစုပေါင်း (၉,776)ဦး ရှိပြီး သေဆုံးသူ (၂၁၃)ဦးရာ သေဆုံးသူများမှ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~