ယူနန် နှင့် ဟူနန်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူများ တွေ့ရှိ

ယူနန် နှင့် ဟူနန်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူများ တွေ့ရှိ
ဇန်နဝါရီ 25, 2020
By Tachileik News Agency

ယူနန် နှင့် ဟူနန်တွင် ဝူဟန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရသူများ တွေ့ရှိ

မြန်မာ၊ လာအိုနိုင်ငံများနှင့် နယ်နမိတ်ထိစပ်နေသည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ဝူဟန်ဒေသမှ ကော်ရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရသည့် လူနာကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့က စတင် တွေ့ရှိထားကြောင်း တရုတ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ဝူဟန်ဇာတိ အသက် (၅၁)နှစ်အရွယ် အမျိုးသားသည် ယူနန်ပြည်နယ် ကူမင်းမြို့သို့ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ဖျားနာလာသဖြင့် စစ်ဆေးရာမှ ကော်ရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါဖြစ်သည်ကို စစ်ဆေးတွေ့ရသဖြင့် အထူးကြပ်မတ်ကုသခန်းတွင် သီးသန့်ကုသပေးထားခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ဟူနန်တွင်လည်း အသက် (၅၇)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဝူဟန်မှ ပြန်လာပြီးနောက် ဇန်နဝါရီလ (၁၆)ရက်နေ့တွင် ချောင်းဆိုးဖျားနာသဖြင့် စစ်ဆေးရာ ကော်ရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် အထူးကြပ်မတ်ကုသဆောင်တွင် သီးသန့်ကုသပေးရာ လက်ရှိတွင် အခြေအနေကောင်းမွန်လာပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Shanghai Daily

ဆက်စပ်သတင်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~