ဝူဟန်အဆုတ်နာရောဂါ ကုသရေးအတွက် ဆေးတပ်ဆရာဝန် (၂၀၀)ကျော်ကို တရုတ်သမ္မတ စေလွှတ်

ဇန်နဝါရီ 24, 2020
By Tachileik News Agency

 ဝူဟန်အဆုတ်နာရောဂါ ကုသရေးအတွက် ဆေးတပ်ဆရာဝန် (၂၀၀)ကျော်ကို တရုတ်သမ္မတ စေလွှတ်

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ထိန်းချုပ်နိုင်ရန် ကြိုးစားနေဆဲဖြစ်သည့် ကော်ရိုနာဗိုင်းရပ်စ်အဆုတ်နာရောဂါ ကုသရေး အတွက် တပ်မတော်ဆရာဝန်ပေါင်း (၂၀၀)ကျော်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဝူဟန်မြို့သို့ စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တပ်ဆရာဝန်များကို ဘေဂျင်းမှ ဝူဟန်သို့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့ ဒေသစံတော်ချိန် ည (၉)နာရီကထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်တွင် အဆုတ်နာရောဂါကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးသူအရေအတွက်မှာ တိုးလာနေသည့်အပြင် ရောဂါကူးစက်ခံရသူတွေ့ရှိရသည့် နိုင်ငံပေါင်း (၁၅)နိုင်ငံအထိ တိုးလာပြီး ထိုင်းနိုင်ငံက လူနာ(၅)ဦးတွေ့ရသဖြင့် ဒုတိယအများဆုံး တွေ့ရှိရသည့်နိုင်ငံဖြစ်နေသည်။

Tachileik News Agency
Ref; SSBN

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~