တာချီလိတ်မြို့၏ ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဖွင့်ပွဲ ကျင်းပရန်အတွက် ပြင်ဆင်နေ

တာချီလိတ်မြို့၏ ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဖွင့်ပွဲ ကျင်းပရန်အတွက် ပြင်ဆင်နေ
နိုဝင်ဘာ 15, 2019
By Tachileik News Agency

တာချီလိတ်မြို့ ဟောင်လိတ်မီးပွိုင့်လမ်းဆုံအနီးရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှုကွင်းတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ ညနေ (၄)နာရီ (၅)မိနစ်အချိန်တွင် ပထမအကြိမ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော် ဖွင့်ပွဲ ကျင်းပရန်အတွက် ပြင်ဆင်နေလျက်ရှိသည်။

ကော်မတီဝင်များအနေဖြင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းတွင် ညနေ (၃)နာရီအရောက်လာရောက်ကြရန် လိုအပ်မည် ဖြစ်ပြီး ဖွင့်ပွဲတွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၏ ဘင်ခရာအဖွဲ့တို့လည်း တက်ရောက်ကြမည်ဖြစ်သည်။

"ဖွင့်ပွဲက (၄)နာရီ (၅)မိနစ်အချိန်ဆိုတော့ ကော်မတီဝင်တွေအနေနဲ့  ညနေ(၃)နာရီ အရောက် လာရောက်မှာပါ။ ဧည့်ပရိတ်သတ်တွေအနေနဲ့ကတော့ (၃)နာရီခွဲလောက် ရောက်ရင် အဆင်ပြေပါပြီ"ဟု ပွဲတော်ဖြစ်မြောက်ရေးကော်မတီဝင် တစ်ဦးက ပြောသည်။

ဖွင့်ပွဲကျင်းပချိန်တွင် ပံ့သကူမဲပေါင်း (၂၀၀)ဝန်းကျင်ပါဝင်မည့် ပံ့သကူမီးပုံးပျံကြီးကိုလည်း လွှတ်တင်ကာပြီးနောက် နေ့လွှတ်အရုပ် မီးပုံးပျံ (၃)လုံးကိုလည်း လွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net