ကျိုင်းတုံမြို့နယ်အတွင်း ယန်းခကျေးရွာတွင် မိုးသည်းထန်၍ တောင်ကျရေနှင့်အတူ နေအိမ်တစ်လုံး မျောပါသွား

ကျိုင်းတုံမြို့နယ်အတွင်း ယန်းခကျေးရွာတွင် မိုးသည်းထန်၍ တောင်ကျရေနှင့်အတူ နေအိမ်တစ်လုံး မျောပါသွား
သြဂုတ် 13, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ၌ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ ချောင်းကမ်းပါးမှ နေအိမ်တစ်လုံး မျောပါသွားကြောင်း သိရသည်။

အဆိုပါ နေအိမ်မျောပါသွားမှုကြောင့် လင်မယားနှစ်ဦး ပါသွားသည်ဟု ကြားသိရသော်လည်း Tachileik News Agency အနေဖြင့် အတည်မပြုနိုင်သေးပါ။

တောင်ပေါ် ပေ (၅၀) ခန့်မှ တောင်ကျရေများနှင့်အတူ မြေသားနှင့် သစ်ပင်များပါ မျောပါလာပြီး ကျိုင်းတုံ-တာချီလိတ်ကားလမ်းနံဘေးရှိ ချောင်းအတွင်းသို့ စီးဝင်သွားရာ လမ်းပေါ်တွင် ကျန်ခဲ့သည့် သစ်ပင်၊မြေသားများကို ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင်လည်း ယခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းနေ၍ ရေကြီးနေပြီး နေအိမ်များအတွင်း ရေဝင်နစ်မြုပ်မှုများ ဖြစ်ပွားနေသည်။

#TachileikNewsAgency

Photo: Sai Lone Pang