နိုင်ငံ့အာဏာသိမ်းသည့် (၂)နှစ်ပြည့်ခါနီး (၁)ရက်အလိုတွင် တာချီလိတ်မြို့တွင်း စစ်ကားနှင့်ရဲကားများ ဟန်ပြ လှည့်လည်

နိုင်ငံ့အာဏာသိမ်းသည့် (၂)နှစ်ပြည့်ခါနီး (၁)ရက်အလိုတွင် တာချီလိတ်မြို့တွင်း စစ်ကားနှင့်ရဲကားများ ဟန်ပြ လှည့်လည်
ဇန်နဝါရီ 31, 2023 | 2021 Military Coup| ရှမ်းရှေ့

 စစ်အာဏာရှင်ကို တော်လှန်မှုများ ငြိမ်သလောက်ဖြစ်နေသည့် တာချီလိတ်မြို့တွင်  နိုင်ငံ့အာဏာသိမ်းသည့် (၂)နှစ်ပြည့်မည့် တစ်ရက်အလို ယနေ့ ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့တွင် နေ့ရောညပါ စစ်ကားနှင့်ရဲကားများ မြို့တွင်း၌ ဟန်ပြလှည့်လည်နေကြောင်း သိရသည်။

"မိန်းလမ်းမှာတွေ့လိုက်တာ စစ်ကား(၃)စီး နဲ့ ရဲကား(၃)စီးနဲ ပတ်နေတာ။ စစ်ကားကတော့ ဟန်ပြပတ်တဲ့သဘောပါပဲ။ စစ်ကားပေါ်မှာ စစ်သားတွေ နည်းနည်းပဲ ပါတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်တွင်လည်း  ရွှေမြန်မာဟိုတယ်ရှေ့ဂေါက်ကွင်းအဆင်းလမ်းဖြစ်သည့် ဂေါက်ကွင်းအဆင်းတွင်လည်း စစ်သား၊ ရဲ နှင့် ပြည်သူ့စစ်များ စောင့်ကြပ်နေသည်ဟု သိရသည်။

 

တာချီလိတ်မြို့တွင်  နေ့ခင်းပိုင်းအထိ ဓါးဖြင့်ခုတ်ပြီး လုယက်မှုများ နေ့စဉ်နီးပါးဖြစ်ပွားနေစဉ် မသိယောင်ဆောင်နေသည့် တာချီလိတ်တပ်နယ်နှင့် ရဲတပ်ဖွဲ့က စစ်တပ်ကို တော်လှန်သူများ မပေါ်ပေါက်ကိုသာ အားစိုက် လုပ်ဆောင်နေခြင်း ဖြစ်သည်။