တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီခွဲအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၈)ဦးအထိ ထပ်တိုး

တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီခွဲအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၈)ဦးအထိ ထပ်တိုး
နိုဝင်ဘာ 29, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီခွဲအထိ Covid-19 အတည်ပြုလူနာ စုစုပေါင်း (၈)ဦးအထိ ထပ်တိုး
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက အတည်ပြုလူနာနှင့် ထိတွေ့သံသယရှိသူများအား စစ်ဆေးရာ နံနက် (၁၁)နာရီခွဲအထိ အတည်ပြုလူနာ (၈) ဦးထပ်တိုးသည်။
နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်အထိ အတည်ပြုလူနာ (၈) ဦးထပ်တိုးလာ၍ ဆေးရုံတွင် ကုသပေးရမည့် အတည်ပြုလူနာ စုစုပေါင်း (၂၀)ဦးရှိသွားပြီဖြစ်သည်။
နိုဝင်ဘာလ (၂၅)ရက်နေ့က အတည်ပြုလူနာဖြစ်သွားသည့် 1G1  ဟိုတယ်ဝန်ထမ်းနှင့်ဆက်စပ်ပြီး အတည်ပြုလူနာများ တိုးလာနေရာ အဆိုပါအတည်ပြုလူနာများနှင့် ဆက်စပ်ထိတွေ့သည်ဟု သံသယရှိသူတိုင်း အမြန်ဆုံးစစ်ဆေးမှုခံယူနိုင်ရန် တာချီလိတ်ဆေးရုံဟောင်းရှိ Fever Clinic ကို Contact Tracing Corner အဖြစ်ဖွင့်လှစ်ပြီး COVID 19 စစ်ဆေးပေးနေခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~