တာချီလိတ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်တွင် နေ့လွှတ်အရုပ် မီးပုံးပျံ အလုံး(၃၀)ကို နှစ်ရက်ခွဲကာ လွှတ်တင်မည်

တာချီလိတ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်တွင် နေ့လွှတ်အရုပ် မီးပုံးပျံ အလုံး(၃၀)ကို နှစ်ရက်ခွဲကာ လွှတ်တင်မည်
နိုဝင်ဘာ 14, 2019
By Tachileik News Agency
တာချီလိတ် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်တွင် နေ့လွှတ်အရုပ် မီးပုံးပျံ အလုံး(၃၀)ကို 
နှစ်ရက်ခွဲကာ လွှတ်တင်မည်

ထိုင်းနိုင်ငံနှင့်နယ်စပ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပထမဆုံးအကြိမ် စတင်ကျင်းပမည့် ရွှေတြိဂံဒေသရိုးရာမီးပုံးပျံပွဲတော်နှစ်ရက်တာအတွင်း နေ့လွှတ်အရုပ် မီးပုံးပျံ အလုံးပေါင်း(၃၀) ကို နှစ်ရက်ခွဲ၍ လွှတ်တင်သွားမည်ဖြစ်သည်။

မီးပုံးပျံပွဲတော်ဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့ ညနေပိုင်းတွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်း၌ ကျင်းပမည်ဖြစ်ပြီး နေ့လွှတ်အရုပ်များကို နိုဝင်ဘာလ (၁၆)ရက်နေ့နှင့် (၁၇)ရက်နေ့များတွင် လွှတ်တင်မည်ဖြစ်သည်။

နေ့လွှတ်အရုပ်များ စတင်လွှတ်တင်သည့် နိုဝင်ဘာလ (၁၆)ရက်နေ့၌ YT Mobile က ဆင်၊ ကြီးမြတ်သောရွှေမြင်းက မြင်း၊ ရှမ်းရွှေမြန်မာဟိုတယ်က ငှက်ဖြူ၊ ဝမ်းကောင်းရပ်ကွက်က ပိုလာဝက်ဝံ၊ J My King ဟိုတယ်က ကြက်တူရွေး၊ တာချီလိတ်ကျောင်းသားဟောင်းများအဖွဲ့က ကြက်တူရွေး၊ 1G1 ဟိုတယ်က အောက်ချင်းငှက်နှင့် မြင်း၊ Hotel Tachileik က လင်းပိုင်၊ ဖျံနှင့် ဘဲဟင်္သာ၊ LM Co.,Ltd က ဟင်္သာ၊ ဖြိုးကုန်စုံဆိုင်က ဆင်၊ တော်ဝင်ဆီပန့်က ချိုးဖြူ၊ မဇ္ဇျိမလူမှုကူညီရေးအသင်းက ချိုးဖြူနှင့် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်က ဟင်္သာရုပ်များကို လွှတ်တင်မည်ဖြစ်သည်။

မီးပုံးပျံပွဲတော် နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် Jing Lone ဟိုတယ်က ချိုးဖြူ၊ PST Car Wash က ချိုးဖြူ၊ Hong Men International က ချိုးဖြူ၊ MANA က ငှက်နီ၊ ထိပ်တန်းမြန်မာထမင်းဟင်းနှင့် စားဖွယ်စုံက ရွှေငါး၊ ရွှေမဟာမဲခေါင်က ဆင်၊ ရွှေတောင်ရိုး(ကားဂိတ်)က ဇီးကွက်၊ ရွှေတောင်ရိုးက ဇီးကွက်၊ 1 G 1 ဟိုတယ်က ပင်ဂွင်း၊ ရွှေဘူးသီးဟိုတယ်က ဘူးသီး၊ တောင်ကြီးမှ ပုညမီးအဖွဲ့၏ ကြံ့နှင့် တာချီလိတ်မှ မီးပုံးပျံလွှတ်တင်သည့်အဖွဲ့များ၏ နေ့လွှတ်အရုပ်များ အသီးသီး လွှတ်တင်ကြမည်ဖြစ်သည်။

Tachileik News Agency
ဆက်စပ်သတင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net