ကျိုင်းတုံမြို့တွင် တာချီလိတ်ပြန်များကို အသွားအလာကန့်သတ် စစ်ဆေးနေဆဲဖြစ်ပြီး အလည်အပတ် လာသူများကို လက်မခံသေး

ကျိုင်းတုံမြို့တွင် တာချီလိတ်ပြန်များကို အသွားအလာကန့်သတ် စစ်ဆေးနေဆဲဖြစ်ပြီး အလည်အပတ် လာသူများကို လက်မခံသေး
ဒီဇင်ဘာ 21, 2020
By Tachileik News Agency

 

ကျိုင်းတုံမြို့တွင် တာချီလိတ်ပြန်များကို အသွားအလာကန့်သတ် စစ်ဆေးနေဆဲဖြစ်ပြီး အလည်အပတ် လာသူများကို လက်မခံသေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ တာချီလိတ်မြို့နယ်မှ လာရောက်သူများအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့မှစ၍ အရေးကြီးကိစ္စများအတွက် နေ့ချင်းပြန်ကိုသာ လက်ခံပြီး နေရပ်ပြန်လာသူများအား အသွားအလာကန့်သတ်၍ COVID 19 စစ်ဆေးနေရာ ဒီဇင်ဘာလ (၂၀)ရက်နေ့အထိ တာချီလိတ်ပြန် (၁၀၀)ကျော်ကို အသွားအလာ ကန့်သတ်စစ်ဆေးပြီးကြောင်း သိရသည်။
"နိုဝင်ဘာ (၂၈)ကမှစပြီး တာချီလိတ်ဘက်ကဖြစ်တယ်ဆိုတော့ နောင်နွန်းဂိတ်ကို စဖွင့်တယ်။ တာချီလိတ်ကလာတယ်ဆိုရင် ကျန်းမာရေးကိစ္စ ဆေးခန်း၊ ဆေးရုံလာပြတယ်ဆိုရင် လာပြလို့ရတယ်။ ပြီးတာနဲ့ ချက်ချင်းပြန်ခိုင်းတယ်။  အဲဒီလိုမှမဟုတ်ဘဲ တာချီလိတ်ဘက်မှာ အလုပ်လုပ်ပြီး ပြန်လာတယ်ဆိုရင် quarantine ကို တိုက်ရိုက်ပို့တယ်။ ဝန်ထမ်းဆိုရင်တော့ MO ပြရင် သူတို့သက်ဆိုင်ရာဌာနတွေက တာဝန်ယူရတယ်။ တာချီလိတ်က လာတဲ့အဖွဲ့တွေကို သီးခြားထားတယ်။"ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှစ၍ COVID 19 ဒေသတွင်း ကူးစက်မှုတွေ့လာရပြီးနောက် ကျိုင်းတုံမြို့သို့ တာချီလိတ်မှ အလည်အပတ်လာရောက်ခြင်းအား တားမြစ်လိုက်ကာ အရေးကြီးကိစ္စများနှင့် ဆေးကုသမှုများအတွက် လာရောက်ပါက ဆေးရုံ၊ဆေးခန်းတွင် ပြသနေသည့် ကျန်းမာရေးအထောက်အထားများ၊ မည်သည့်ဒေသမှ လာရောက်ကြောင်း ရပ်ကွက်ထောက်ထံစာများနှင့်အတူ နေ့ချင်းပြန်ခွင့်ပြုထားခြင်းဖြစ်သည်။
“ ဆေးခန်းက ရက်ချိန်းနဲ့ စဉ်ဆက်မပြတ် ပြနေရတော့ နေ့ချင်းမပြန်နိုင်တဲ့အခါမှာဆိုရင် သူတို့တည်းမယ့်အိမ်ရှိတဲ့ ရပ်ကွက်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခေါ်လိုက်တယ်။ အိမ်မှာ သီးခြားနေဖို့ ညွှန်ကြားရတယ်။ တစ်ညတည်းခိုပြီး ပြန်ရတယ်။ သို့မဟုတ် ဆေးရုံမှာ နေသွားတယ်ပေါ့။ ဒါပေမဲ့ နည်းပါတယ်။ နေ့ချင်းပြန်များတယ်။ “ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံမြို့သို့ တာချီလိတ်ဘက်မှ နေရပ်ပြန်လာသူများအား မြို့အဝင် နောင်နွန်းဂိတ်တွင် စစ်ဆေးပြီး quarantine ပို့ဆောင်ကာ covid 19 စစ်ဆေးပေးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~