တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ အချို့လမ်းများတွင် စစ်ဆေးနေ

တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ အချို့လမ်းများတွင် စစ်ဆေးနေ
ဖေဖော်ဝါရီ 1, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယနေ့ ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်ကောင်စီထောက်ခံပွဲအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ညပိုင်းတွင် မြို့ပေါ် ရပ်ကွက်များရှိ လူအသွားအလာများသည့် နေရာများတွင် စစ်ဆေးနေကြောင်း သိရသည်။

ရွှေမြန်မာ ဟိုတယ်ရှေ့က ဂေါက်ကွင်း အဆင်းမှာ အင်အား (၁၀)ယောက်ကျော်လောက်ရှိတယ် လက်နက်အပြည့်နဲ့  ကား/ဆိုင်ကယ် လူ အကုန်စစ်နေတယ် နှိုက်စစ်နေတာ။ ပါလျှံ တရုတ်ဘုံကျောင်းရှေ့မှာလည်း လာတဲ့လူတိုင်းကို ရပ်ခိုင်းပြီး စစ်နေတယ်။ ဆိုင်ကယ် ဖင်ထိုင်ခုံလည်း ဖွင့်ပြီး စစ်တယ်။ အိတ်တွေကိုလည်း စစ်တယ် အင်အားက မများဘူး (၈)ယောက်လောက်ရှိတယ်

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့  နေ့လည်ပိုင်းက ဖြစ်ပွားသည့် ပေါက်ကွဲမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့တွင်း၌ ညပိုင်းများတွင် စစ်ကား(၅)စီး၊ အချုပ်ကား(၁)စီး ရဲကား(၁)စီးဖြင့် ညလုံးပေါက် မြို့တွင်း လှည့်လည်ကာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး CCTV မရှိသည့် လမ်းကြိုလမ်းကြားများတွင်လည်း စစ်ဆေးမှုများ ပြုလုပ်မည်ဟု သိရသည်။

#TachileikNewsAgency