တာချီလိတ်မြို့တွင် အသက်(၃)လသားအရွယ် ကလေးငယ်အပါအဝင် Covid-19 ကူးစက်ခံရသူ (၆၄)ဦး ထပ်တိုး

တာချီလိတ်မြို့တွင် အသက်(၃)လသားအရွယ် ကလေးငယ်အပါအဝင် Covid-19 ကူးစက်ခံရသူ (၆၄)ဦး ထပ်တိုး
သြဂုတ် 13, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့ တစ်နေ့တည်း နေရာအသီးသီး၌ စစ်ဆေးချက်များအရ (၃)လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် Covid-19 ကူးစက်ခံထားရသူ (၆၄)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့ တစ်နေ့တည်း ထပ်တိုးသည့် (၆၄)ဦးတွင် အမျိုးသား (၄၀)ဦး နှင့် အမျိုးသမီး (၂၄)ဦးတို့ ပါဝင်ပြီး အသက်အငယ်ဆုံးအနေဖြင့် အသက်(၃)လသားအရွယ် ကလေးငယ်တစ်ဦး နှင့်  အသက်(၆၀)အထက် (၉)ဦး ပါဝင်ကြောင်း သိရသည်။

ယနေ့တစ်နေ့တည်းတွင်လည်း Covid-19 ကူးစက်ခံထားရသည့် အသက်(၁၆)နှစ်အရွယ်နှင့် အသက်(၈၂)နှစ်အရွယ် အမျိုးသမီး (၂)ဦးလည်း သေဆုံးသွားကြောင်း သိရသည်။

ပိုးတွေ့ (၆၄)ဦးတွင် (၁၂)ဦးမှာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံရယူနေရပြီး ကျန်လူများမှာ Covid-19 စောင့်ကြည့်စင်တာများဖြစ်သည့် အားကစားရုံ နှင့် ဝမ်လုံးတို့တွင် ပို့ဆောင်ထားရှိကြောင်း သိရသည်။

Covid-19 စောင့်ကြည့်စင်တာများတွင် နေရသူများမှ သတ်မှတ်ကာလ(၁၁)ရက်အတွင်း ကျန်းမာရေးအခြေအနေအရ ဆေးရုံမတက်ရပါက သတ်မှတ်ရက်ပြည့်လျှင် ဆေးရုံဆင်းလက်မှတ်များ ပေးကာ နေအိမ်ပြန်ခွင့်ရရှိနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

တာချီလိတ်မြို့၏ Covdi-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၁၃)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁၉၈၉)ဦးအထိ ရှိနေပြီး သေဆုံးသူမှာလည်း (၃၁)ဦးအထိ ရှိနေကြောင်း သိရသည်။