တာခ်ီလိတ္တြင္ (၂)ရက္တိုင္တိုင္ က်င္းပျပဳလုပ္မည့္ ကေလးစာေပပြဲေတာ္အတြက္ ျပင္ဆင္ေန

တာခ်ီလိတ္တြင္ (၂)ရက္တိုင္တိုင္ က်င္းပျပဳလုပ္မည့္ ကေလးစာေပပြဲေတာ္အတြက္ ျပင္ဆင္ေန
ဇွန် 16, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အတြင္း ၂၀၁၉ခုႏွစ္ ဇြန္လ (၂၅၊ ၂၆) ရက္ေန႔မ်ားတြင္ က်င္းပျပဳလုပ္မည့္ ကေလးစာေပပြဲေတာ္အား ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ ေျမစိုက္ပိုစတာစိုက္ထူျခင္းနွင့္ စတိတ္စင္မ်ားတည္ေဆာက္မႈကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၁၆) ရက္ေန႔မနက္ပိုင္းက စတင္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန၊ အေျခခံပညာဦးစီးဌာနႏွင့္ တာခ်ီလိတ္ခ႐ိုင္ စီမံခန္႔ခြဲမႈေကာ္မတီတို႔ ပူးေပါင္း စီစဥ္သည့္ ကေလးစာေပပြဲေတာ္အတြက္ ေျမစိုက္ပို႔စတာမ်ားကို အထက(တာခ်ီလိတ္)ေက်ာင္းေရွ႕တြင္   စိုက္ထူခဲ့ၿပီး ရွမ္းရိုးမကြင္း၊ ၿမို႕မအားကစားကြင္းလမ္းဆံုႏွင့္ တာခ်ီလိတ္ၿမိဳ႕အ၀င္ေနရာမ်ားတြင္ ထပ္မံစိုက္ထူသြားမည္ျဖစ္ေၾကာင္း၊ လမ္းျဖတ္ပိုစတာမ်ားကို ဆန္ဆိုင္းမီးပိြဳင့္၊ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား (၂) မီးပိြဳင့္၊ ပါလွ်ံမီးပိြဳင့္ႏွင့္ ေဟာင္လိတ္မီးပိြဳင္တို႔တြင္ ခ်ိတ္ဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

ကေလးစာေပပြဲေတာ္တြင္ က်ပန္းစကားေျပာၿပိဳင္ပြဲ၊ ပံုေျပာၿပိဳင္ပြဲ၊ ေဆးေရာင္ျခယ္ၿပိဳင္ပြဲ၊ အရုပ္ဆက္၊ အရုပ္ေခါက္ႏွင့္ အားကစားၿပိဳင္ပြဲမ်ားအျဖစ္ ေဘာလံုးၿပိဳင္ပြဲ၊ ပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲႏွင့္ ထုပ္စီးတိုးၿပိဳင္ပြဲမ်ားလည္းထည့္သြင္းထားၿပီး အသက္ ၁၂ ႏွစ္ေအာက္ ေဘာလုံး(၁၃)သင္း၊ ပိုက္ေက်ာ္ျခင္း(၁၀)သင္း၊ ထုပ္ဆီးတိုး (၉)သင္းတို႔ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

ကေလးစာေပပြဲေတာ္ဖြင့္ပြဲအား ဇြန္လ(၂၅)ရက္ေန႔တြင္ က်င္းပျပဳလုပ္မည္ျဖစ္ရာ ပြဲေတာ္က်င္းပမည့္ (၂)ရက္တြင္ တစ္ေန႔လွ်င္ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း (၃၀၀၀)ေက်ာ္ လာေရာက္ႏိုင္ရန္ ခန္႔မွန္းထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကေလးစာေပပဲြေတာ္ - တာခ်ီလိတ္ၿမိဳ႕


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်း ၂၀၁၉ခုနှစ် ဇွန်လ (၂၅၊ ၂၆) ရက်နေ့များတွင် ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် စတိတ်စင်များတည်ဆောက်မှုကို ၂၀၁၉ ခုနှစ် ဇွန်လ (၁၆) ရက်နေ့မနက်ပိုင်းက စတင်ဆောင်ရွက်နေကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း စီစဉ်သည့် ကလေးစာပေပွဲတော်အတွက် မြေစိုက်ပို့စတာများကို အထက(တာချီလိတ်)ကျောင်းရှေ့တွင် စိုက်ထူခဲ့ပြီး ရှမ်းရိုးမကွင်း၊ မြို့မအားကစားကွင်းလမ်းဆုံနှင့် တာချီလိတ်မြို့အဝင်နေရာများတွင် ထပ်မံစိုက်ထူသွားမည်ဖြစ်ကြောင်း၊ လမ်းဖြတ်ပိုစတာများကို ဆန်ဆိုင်းမီးပွိုင့်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား (၂) မီးပွိုင့်၊ ပါလျှံမီးပွိုင့်နှင့် ဟောင်လိတ်မီးပွိုင်တို့တွင် ချိတ်ဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်တွင် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ အရုပ်ဆက်၊ အရုပ်ခေါက်နှင့် အားကစားပြိုင်ပွဲများအဖြစ် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်စီးတိုးပြိုင်ပွဲများလည်းထည့်သွင်းထားပြီး အသက် ၁၂ နှစ်အောက် ဘောလုံး(၁၃)သင်း၊ ပိုက်ကျော်ခြင်း(၁၀)သင်း၊ ထုပ်ဆီးတိုး (၉)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကလေးစာပေပွဲတော်ဖွင့်ပွဲအား ဇွန်လ(၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ပွဲတော်ကျင်းပမည့် (၂)ရက်တွင် တစ်နေ့လျှင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၀၀၀)ကျော် လာရောက်နိုင်ရန် ခန့်မှန်းထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကလေးစာပေပွဲတော် - တာချီလိတ်မြို့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net