ကျိုင်းတုံမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD မှ ဒေါက်တာ ဝဏ္ဏစိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်

ကျိုင်းတုံမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD မှ ဒေါက်တာ ဝဏ္ဏစိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်
စက်တင်ဘာ 22, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ ကျိုင်းတုံမြို့မှ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် NLD ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးအား အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

ဒေါက်တာဝဏ္ဏစိုးအား ကျိုင်းတုံမြို့မရဲစခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ(၂၁)ရက်နေ့က အမှုဖွင့်ထားခြင်း ဖြစ်ပြီး ၎င်းသည် CRPH နှင့် NUG တို့က ဖွဲ့စည်းသည့် အဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမှုဖွင့်ခြင်းဖြစ်သည်ဟု သိရသည်။

ဒေါက်တာဝဏ္ဏစိုးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂)တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်ကို မဲအရေအတွက် တစ်သောင်းနီးပါးအသာဖြင့် အပြတ်အသတ်  အနိုင်ရထားသူဖြစ်သည်။

တာချီလိတ်သတင်းအေဂျင်စီ၏ အတည်ပြုစုံစမ်းချက်များအရ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များထဲမှ လွတ်မြောက်နေသူများထဲက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ခံထားရသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဦးစိုင်းရှဲန်တစ်လုံ၊ ဦးစိုင်းဆိုင်တွီ၊ ဒေါက်တာဝဏ္ဏစိုး အပြင်  "ဝ"အမျိုးသားပါတီ(WNP)အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အမ်ဇော်လတ် (ခ)ဆမ်မားကို့(စ်)တို့ ဖြစ်ကြသည်။ 

၂၀၂၀ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး လွတ်မြောက်နေသည့် ရွေးချယ်ခံ ကိုယ်စားလှယ်များကို CRPH နှင့် NUG တို့ဖြင့် ဆက်သွယ်သည်ဟု အမည်တပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုများဖွင့်သော်လည်း အမှုဖွင့်ခံရသူများတွင်   ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရကိုယ်စားလှယ်များ မပါဝင်ပေ။

ဆက်စပ်သတင်း

ရှမ်းပြည်နယ်လျှပ်စစ်ဝန်ကြီးဟောင်း နှင့် တာချီလိတ်မှ အမတ်တစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် စရဖ က အမှုဖွင့်

"ဝ"အမျိုးသားပါတီ၏ မိုင်းတုံ မဲဆန္ဒနယ်မှ အနိုင်ရ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား စရဖက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ကျိုင်းတုံမြို့တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD မှ ဒေါက်တာ ဝဏ္ဏစိုးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်