တာချီလိတ်တွင် facility quarantine ဝင်နေသူများနှင့် ထိတွေ့သူ (၇၇)ဦးကို COVID 19 ဓာတ်ခွဲနမူနာ စစ်ဆေးရန် ရန်ကုန်သို့ပို့ဆောင်

တာချီလိတ်တွင် facility quarantine ဝင်နေသူများနှင့် ထိတွေ့သူ (၇၇)ဦးကို COVID 19 ဓာတ်ခွဲနမူနာ စစ်ဆေးရန် ရန်ကုန်သို့ပို့ဆောင်
စက်တင်ဘာ 6, 2020
By Tachileik News Agency
တာချီလိတ်တွင် Facility Quarantine ဝင်နေသူများနှင့် ထိတွေ့သူ (၇၇)ဦးကို COVID 19 ဓာတ်ခွဲနမူနာ စစ်ဆေးရန် ရန်ကုန်သို့ပို့ဆောင်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသွားအလာကန့်သတ်ထားသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန်များအပါအဝင် စုစုပေါင်း (၇၇)ဦးထံမှ ဓာတ်ခွဲနမူနာများကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့က ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးထားကြောင်း သိရသည်။
တာချီလိတ် - မယ်ဆိုင်လမ်းကြောင်းဖြင့် ပြန်ဝင်လာသည့် ထိုင်းနိုင်ငံမှ ပြည်တော်ပြန် မြန်မာနိုင်ငံသားများအနက် တာချီလိတ်မြို့နယ်အတွင်းနေထိုင်သူများအား မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ အသွားအလာကန့်သတ်ထားရှိခြင်းဖြစ်သည်။
Facility quarantine ထားရှိသူများနှင့် အနီးကပ်ထိတွေ့သူများ စုစုပေါင်း (၇၇)ဦးကို COVID 19 စစ်ဆေးရန် ဓာတ်ခွဲနမူနာများကို ရယူပို့ဆောင်ထားခြင်းဖြစ်ပြီး ယင်းတို့အနက်မှ ဓာတ်ခွဲနမူနာ (၁၀)ခုကို အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနတွင် စစ်ဆေးခြင်းအပြင် တာချီလိတ်ပြည်သူ့ဆေးရုံကြီးတွင်လည်း စတင်စမ်းသပ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~