တာခ်ီလိတ္ၿမိဳ႕တြင္း ျဖန္႔ခ်ိေရာင္းခ်မည့္ မူးယစ္ေဆး၀ါးမ်ားကို မိုင္းဆတ္ - တာခ်ီလိတ္ လမ္းေပၚတြင္ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္း ျဖန္႔ခ်ိေရာင္းခ်မည့္ မူးယစ္ေဆး၀ါးမ်ားကို မိုင္းဆတ္ - တာခ်ီလိတ္ လမ္းေပၚတြင္ ဖမ္းမိ
ဇူလိုင် 26, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ လြတ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း မိုင္းဆတ္ - တာခ်ီလိတ္ သြားလမ္းေပၚတြင္ တာခ်ီလိတ္ၿမိဳ႕တြင္း ျပန္လည္ျဖန္႔ခ်ိေရာင္းခ်မည့္ မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ အမ်ဳိးသားတစ္ဦးအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

ႀကိဳတင္သတင္းရရွိထားသည့္ မူးယစ္ေဆး၀ါးသတင္းအရ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ ရဲအုပ္သုေမာင္ ဦးစီးသည့္ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔(မႈ/ႏွိမ္)မွ ရဲအုပ္ႏိုင္ေအာင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔(မႈ/ကူ)မွ ရဲတပ္ၾကပ္ထြန္း၀င္းေဇာ္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖဲြ႔တို႔က ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၂၅)ရက္ေန႔ ည(၆)နာရီ (၄၅)မိနစ္၀န္းက်င္အခ်ိန္တြင္ ေစာင့္ဆိုင္းေနစဥ္ အသက္(၅၄) ႏွစ္ရွိ အားရုိးဆိုသူမွာ ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္ေရာက္ရွိလာရာမွ ၎ထံက မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႔မွ ၎ထံ စစ္ေဆးရွာေဖြရာက အေလးခ်ိန္(၂၅)ဂရမ္၀န္းက်င္ရွိ ဘိန္းစိမ္းအမဲေရာင္ တစ္ထုတ္ ႏွင့္ Wy စာတမ္းပါ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၁၂၀၃၈)ျပားတို႔အား ရွာေဖြေတြ႔ရွိရေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါး သယ္ေဆာင္လာသည့္ အားရိုးအား ရဲတပ္ဖြဲ႔က ကနဦး စစ္ေဆးေမးျမန္းရာတြင္ သိမ္းဆည္းရမိသည့္ မူးယစ္ေဆး၀ါးမ်ားအား တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားအတြင္း လက္လိီျပန္လည္ေရာင္းခ်ရန္အတြက္ သယ္ေဆာင္လာစဥ္ ဖမ္းဆီးခံရျခင္း ျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ အားရိုး အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၀/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္အေရးယူ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် လွတ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မိုင်းဆတ် - တာချီလိတ် သွားလမ်းပေါ်တွင် တာချီလိတ်မြို့တွင်း ပြန်လည်ဖြန့်ချိရောင်းချမည့် မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

ကြိုတင်သတင်းရရှိထားသည့် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်သုမောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ ရဲအုပ်နိုင်အောင် နှင့် တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ)မှ ရဲတပ်ကြပ်ထွန်းဝင်းဇော် နှင့် တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ၂၀၁၉ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့ ည(၆)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်တွင် စောင့်ဆိုင်းနေစဉ် အသက်(၅၄) နှစ်ရှိ အားရိုးဆိုသူမှာ ဆိုင်ကယ်ဖြင့် မောင်းနှင်ရောက်ရှိလာရာမှ၎င်းထံက မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ၎င်းထံ စစ်ဆေးရှာဖွေရာက အလေးချိန်(၂၅)ဂရမ်ဝန်းကျင်ရှိ ဘိန်းစိမ်းအမဲရောင် တစ်ထုတ် နှင့် Wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၂၀၃၈)ပြားတို့အား ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် အားရိုးအား ရဲတပ်ဖွဲ့က ကနဦး စစ်ဆေးမေးမြန်းရာတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း လက်လိီပြန်လည်ရောင်းချရန်အတွက် သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အားရိုး အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၁၀၀/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net