တာချီလိတ်မြို့ ပါလျှံ(၂)အတွင်း မူးယစ်ဆေးဝါး ဖမ်းမိ

တာချီလိတ်မြို့ ပါလျှံ(၂)အတွင်း မူးယစ်ဆေးဝါး ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း အိမ်ခန်းငှားတွင် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက် ပါလျှံ(၂)ရှိ နေအိမ်အခန်းငှားတွင် အသက်(၅၁)နှစ်ရှိ ဇော်ဝင်းစိုး (ခ) ကိုဇော်၏ အိမ်အခန်းအား  ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ ညပိုင်းက မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့များက ဝင်ရောက် စစ်ဆေးရှာဖွေရာ  ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့မှ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာတွင် နေအိမ်ဧည့်ခန်းအတွင်း နှင့်  ဇော်ဝင်းစိုး၏ ခန္ဓာကိုယ်တို့တွင် ဘိန်းဖြူ (၁၂)ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား (၁,၂၀၀)ပြား အပါအဝင် အိုက်စ်(၁၆)ဂရမ်တို့အား ရှာဖွေတွေ့ရှိရ၍ တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

 

Tachileik News Agency