ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းဥပဒေများကို လိုက်နာပေးကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းဥပဒေများကို လိုက်နာပေးကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်း
နိုဝင်ဘာ 15, 2020
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းဥပဒေများကို လိုက်နာပေးကြရန် ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်း
သတ္ထုလုပ်ငန်းရှင်များအနေဖြင့် စည်းမျဉ်းစည်းကမ်းဥပေဒများကို အဓိကလိုက်နာပေးကြရန် ခရိုင်ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူးက ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအား တိုက်တွန်းလိုက်သည်။ 

“နိုင်ငံတော်အတွက် အကျိုးရှိရမယ်။ ဒေသအတွက်လည်း အကျိုးရှိရမယ်။ ပြည်သူလူထုအကျိုးရှိရမယ်။ လုပ်ငန်းရှင်အတွက်လည်း အကျိုးရှိဖို့အတွက် ကျွန်တော်တို့ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို အဓိက လိုက်နာပေးကြဖို့ ပြောလိုပါတယ်။”

ဟု ခရိုင်ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း၏ ဆဋ္ဌမ အကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးကို တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်ခန်းမ၌ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့၌ ကျင်းပပြီး ပဉ္စမ သက်တမ်းအမှုဆောင်သစ်ရွေးချယ်ခဲ့ကြသည့်အခမ်းအနားသို့ ဒေသတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း၏ အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းရာ မြင့်ဦးအောင်ကုမ္ပဏီမှ ဦးမြင့်ဦးအား ဥက္ကဌအဖြစ်လည်းကောင်း၊ ရှမ်းရှေ့လင်းလက်ကုမ္ပဏီမှ ဦးအေးဆွေအား အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်ခဲ့ကြပြီး အလုပ်အမှုဆောင် (၂၀)ဦးပါဝင်သည့် အလုပ်အမှုဆောင်အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြသည်။
အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဦးအေးဆွေက အသင်း၏ နှစ်ပတ်လည်အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားရှင်းလင်းပြီး စာရင်းစစ် ဦးစိုးဝင်းလှိုင်က စာရင်းစစ်အစီရင်ခံစာ တင်ပြခဲ့သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~