တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်သံသယလူနာနှင့် အတည်ပြုလူနာများအား သီးသန့်ထားရှိမည့် ကုသအခန်းအတွက် ခုတင်(၁၀)လုံး လှူဒါန်း

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်သံသယလူနာနှင့် အတည်ပြုလူနာများအား သီးသန့်ထားရှိမည့် ကုသအခန်းအတွက် ခုတင်(၁၀)လုံး လှူဒါန်း
ဧပြီ 3, 2020
By Tachileik News Agency

တာချီလိတ်တွင်  ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်သံသယလူနာနှင့် အတည်ပြုလူနာများအား သီးသန့်ထားရှိမည့် ကုသအခန်းအတွက် ခုတင်(၁၀)လုံး လှူဒါန်း

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်သံသယလူနာနှင့် အတည်ပြုလူနာများအား သီးသန့်ထားရှိမည့် ကုသအခန်းအတွက် လူနာ(၃၃)ဦးစာ  ထားရှိနိုင်ရန် ဆေးရုံဟောင်းတွင် ပြင်ဆင်နေလျက်ရှိရာ လိုအပ်သည့် လူနာခုတင်များအတွက် ခုတင်(၁၀)လုံးကို လှူဒါန်းလာကြောင်း သိရသည်။

တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်မှ Hong Men international နှင့် ကျင်းလုံဟိုတယ် မှ ဦးစိုင်းအိုက်ကျိုင်း နှင့် ဒေါ်နန်းရှန်ပင်း မိသားစုက ၂၀၂၀ခုနှစ် ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက ထိုင်းဘတ်ငွေ (၁)သိန်း တန်ဖိုးရှိ ခုတင် (၁၀)လုံးအား လှူဒါန်းရာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများက သွားရောက် လက်ခံပေးခဲ့ကြောင်း သိရသည်။

လှူဒါန်းပေးလာသည့် ခုတင်များအား တရုတ်ပြည်ကတဆင့် မှာယူခြင်းဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်(COVID-19) စောင့်ကြည့်သံသယလူနာနှင့် အတည်ပြုလူနာများအား သီးသန့်ထားရှိမည့် အခန်းအား တာချီလိတ်ဆေးရုံဟောင်းတွင် ပြင်ဆင်နေလျက်ရှိရာ လူနာနေရာ (၃၃)နေရာစာအတွက် ခုတင်(၃၃)လုံး လိုအပ်ရာ လက်ရှိတွင် ခုတင်(၁၀)လုံးရရှိထားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~