လာအိုနိုင်ငံမှ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆိုမှုကြောင့် ရွာအုပ်ချုပ်ရေးမှူးအဖွဲ့ အသစ်ပြောင်းလဲပြီး အခက်အခဲများကို ညှိနှိုင်းနေ

လာအိုနိုင်ငံမှ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆိုမှုကြောင့် ရွာအုပ်ချုပ်ရေးမှူးအဖွဲ့ အသစ်ပြောင်းလဲပြီး အခက်အခဲများကို ညှိနှိုင်းနေ

လာအိုနိုင်ငံမှ မြန်မာလုပ်သားများ ဆန္ဒပြတောင်းဆိုမှုကြောင့် ရွာအုပ်ချုပ်ရေးမှူးအဖွဲ့ အသစ်ပြောင်းလဲပြီး အခက်အခဲများကို ညှိနှိုင်းနေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာလုပ်သားတစ်ဦးကို ကုမ္ပဏီဘက်မှတစ်ဦးက စတင်ရိုက်နှက်ရာမှ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့တွင် ကုမ္ပဏီအား မြန်မာလုပ်သားထောင်နှင့်ချီ၍ ဆန္ဒထုတ်ဖေါ် ခဲ့ကြပြီးနောက် ဩဂုတ်လ (၇) ရက်နေ့တွင်  မြန်မာလုပ်သားများ၏ အခက်အခဲများကို ဖြေရှင်းပေးရန် ရခိုင်ရွာ(မြန်မာရွာ)အုပ်ချုပ်ရေးမှူးသစ်ပြောင်းပေးပြီး ကုမ္ပဏီနှင့်ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။

“အခုနောက်ထပ် ခန့်အပ်လိုက်တဲ့ အုပ်ချုပ်ရေးမှူးအသစ် ကိုမင်းက စီစဉ်ပြီးတော့ ရွာထဲကလူတွေ ပြန်မလားဆိုတာ A B C D တစ်လိုင်းချင်းမေးမယ်။ မပြန်ဘူးဆိုရင် Q သမားကို Q ဆောင်ပြန်ပို့မယ်။ ဘယ်နှစ်ရက်ထားမယ် ဆိုတာတော့ မသိဘူး။ ပြန်မယ်ဆိုရင်တော့ ပြန်ပို့မယ်။ ရွာထဲကလူတွေလည်း ရွာထဲမှာနေမယ်ဆို ရွာထဲမှာ ထားမယ်။ မနက်ဖြန်ကစပြီး ရွာထဲက လိုင်းအလိုက် တစ်လိုင်းချင်း စာရင်းလိုက်ကောက်မယ်။ လုပ်ငန်းနဲ့ပတ်သက်လို့ကတော့ ဘာမှမထူးခြားဘူး။ ဘယ်တော့ အလုပ်ပြန်လုပ်လို့ရမယ်ဆိုတာ မသိရသေးဘူး။ အဲဒီအတွက် ပြန်မယ့်သူများမယ်လို့ ထင်ရပါတယ်”ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဩဂုတ်လ(၇)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ကုမ္ပဏီက ခန့်ထားသည့် စကားပြန် ကိုအားဝေနှင့် ရွာအုပ်ချုပ်ရေးမှူး ကိုနိုင်လင်းတို့ အပါအဝင် နောက်လိုက်အဖွဲ့များအားလုံးမှာ မြန်မာလုပ်သားများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်အနိုင်ကျင့်မှုများရှိသည်ဟု ကာလရှည်ကြာသတင်းများထွက်ပေါ်ခဲ့ကြသူများဖြစ်ပြီး ယမန်နေ့က ဆန္ဒပြမှုဖြစ်ပွားချိန်၌ တိမ်းရှောင်သွားကြသည်ဟု သိရသည်။

“အခုက ကိုမင်းကိုပဲ ခန့်ထားရတယ်။ မနေ့ကတည်းက ဆန္ဒပြပြီးကတည်းက နိုင်လင်းတို့ အားဝေတို့ရော နောက်လိုက်တွေပါ ပျောက်နေတယ်။ သူတို့ထွက်လာရင်လည်း ရိုက်ကြမှာလေ။ ဘယ်ပျောက်နေမှန်းလဲ မသိဘူး။ မြန်မာပြည်ဘက်လည်း မကူးဘူးပြောတယ်။ ကုမ္ပဏီကတော့ သူတို့ကိုကြည့်ထားတာရှိမှာပေါ့။“ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန် လုပ်ကိုင်ခွင့်ရ တရုတ်ကုမ္ပဏီက မြန်မာရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာရွာကို လပေါင်းများစွာ lockdown ချထားပြီး မြန်မာလုပ်သား ထောင်ပေါင်းများစွာကို quarantine center များသို့ ပို့ထားခြင်း၊ quarantine center များတွင် နေထိုင်စားသောက်ရေး အဆင်မပြေမှုကို ဖြေရှင်းမပေးခြင်း၊ ရခိုင်ရွာတွင်းမှ မိသားစုများကို အတင်းအကျပ်ရွှေ့ပြောင်းခိုင်းခြင်း၊ ကုမ္ပဏီက ခန့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခြင်းများကို ဖြေရှင်းပေးရန် ဩဂုတ်လ (၆) ရက်နေ့က ဆန္ဒထုတ်ဖေါ်မှုအပြီးတွင် လာအိုနှင့်မြန်မာဘက်မှ တာဝန်ရှိသူများ၊ ကုမ္ပဏီနှင့် မြန်မာလုပ်သားများဘက်မှ တာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။