လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် လရှည်ကြာ Quarantine ပို့ခံရသည့် မြန်မာများကို အုပ်ချုပ်ရေးက အနိုင်ကျင့်သဖြင့် ဆန္ဒပြ တောင်းဆိုနေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် လရှည်ကြာ Quarantine ပို့ခံရသည့် မြန်မာများကို အုပ်ချုပ်ရေးက အနိုင်ကျင့်သဖြင့် ဆန္ဒပြ တောင်းဆိုနေ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် မြန်မာရွှေ့ပြောင်းလုပ်သားများအား လပေါင်းများစွာ ပို့ထားသည့် Quarantine Center များသို့ အစားအသောက်ပုံမှန် ပို့နိုင်ခြင်း မရှိသည့်အပြင် အဆင်မပြေမှုများရှိနေ၍ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့တွင် အုပ်ချုပ်သူများကို ပြောပြသည်ကို ဝိုင်းရိုက်မည်ဟု ခြိမ်းခြောက်ခံရသဖြင့် မြန်မာလုပ်သားများက ဆန္ဒပြတောင်းဆိုနေကြသည်။ 

သူတို့က ထမင်းကို အချိန်မှန် လာမပို့ဘူး။ တစ်ချို့ဆို တစ်နာရီလောက်မှ မနက်စာကို ပို့ပေးတယ်။ အစားအသောက်ကလည်း အဆင်မပြေပါဘူး။ အဲဒါကို စောစောလာပို့ဖို့ပြောတာကို သူတို့က ဝိုင်းရိုက်မယ်ပြောပြီး တုတ်တွေနဲ့လာလို့ အခုအကုန် ဆန္ဒပြတောင်းဆိုနေကြပါပြီ။

ဟု မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ ဆန္ဒပြနေသည့် ခြောက်လုံးတန်းတိုက်ခန်းတွဲ Quarantine ထားရာနေရာသို့ လာအိုရဲများနှင့် တရုတ်ကုမ္ပဏီမှ လုံခြုံရေးများလည်း ရောက်လာနေကြောင်း သိရသည်။

သူတို့အခု ညှိနှိုင်းနေကြတယ်။ တောင်းဆိုတာတွေကို ဘာလုပ်ပေးမလဲတော့မသိဘူး။ သူတို့အနိုင်ကျင့်နေတဲ့ကိစ္စတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုနေတာပါ

ဟု မြန်မာရွှေ့ပြောင်းလုပ်သားက နေ့လယ် (၁၂)နာရီ (၅၅)မိနစ်အချိန်အခြေအနေကို ပြောပြသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန် လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီက မြန်မာလုပ်သား ထောင်ပေါင်းများစွာကို Quarantine Center များသို့ ပို့ထားပြီး အချို့မှာ quarantine ဝင်ရချိန် (၃) လကျော်လာသည်အထိ ထွက်ခွင့်မရသေးဘဲဖြစ်နေသည့်အပြင် စင်တာများတွင် စားသောက်နေထိုင်ရေး အခက်အခဲများစွာ ကြုံနေရကြရခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency