လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်းရှိ မြန်မာလုပ်သားများနေထိုင်ရာ ရခိုင်ရွာကို Lockdown ချ

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရခိုင်ရွာကို ၂၀၂၁ ခုနှစ် ဩဂုတ်လ (၇) ရက်နေ့ တရုတ်စံတော်ချိန် ည (၈)နာရီ (မြန်မာစံတော်ချိန် ည ၆ နာရီခွဲ) မှစ၍ Lockdown သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

Quarantine Center များသို့ လပေါင်းများစွာ အပို့ခံထားရသူများနှင့် အတင်းအကျပ် နေရာရွှေ့ပြောင်းခံရသည့် မြန်မာလုပ်သား ထောင်ပေါင်းများစွာသည် ယမန်နေ့က ကုမ္ပဏီအား ဆန္ဒပြပြီး မူလနေရာ ရခိုင်ရွာသို့ ပြန်ဝင်ခဲ့ကြပြီးနောက် ယနေ့တွင် ရွာကို Lockdown သတ်မှတ်လိုက်ပြီး ကျေးရွာဝင်ထွက်ဂိတ် (၁)၊ (၃)နှင့် (၄) တို့ကို ပိတ်လိုက်ကာ အရေးကိစ္စရှိပါက ဂိတ် (၂)မှသာ သွားလာရန် တာဝန်ရှိသူများက လိုက်လံ ကြေညာထားသည်။

ကျေးရွာအတွင်းနေထိုင်သူများ COVID 19 ကာကွယ်ရေးအတွက် Mask တပ်ရန်၊ Q စင်တာမှ ပြန်လာသူများ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်ကိုလည်း အသိပေးထားသည်။