ကယားပြည်နယ်တွင်း တစ်နေ့တာ သတင်းအကျဥ်းချုပ် [ ၁၉.၅.၂၀၂၁ ]

ကယားပြည်နယ်တွင်း တစ်နေ့တာ သတင်းအကျဥ်းချုပ် [ ၁၉.၅.၂၀၂၁ ]
မေ 19, 2021 | ကယား

ကယားပြည်နယ်တွင်း တစ်နေ့တာ သတင်းအကျဥ်းချုပ်

[ ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့ ည(၁၁) နာရီထိ ]

⭕ ဒီးမော့ဆိုမြို့ နယ်၊ ငွေတောင်ကျေးရွာအုပ်စု ဆည်မြောင်းကျေးရွာမှ  အမွှာညီအကို (၂) ဦးကို အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ဖမ်းဆီးသွား။

⭕ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များ နံနက်ပိုင်းမှစ၍ ညအထိ တစ်နေကုန် အင်းအားပြလှည့်လည်ပြီး ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူ့လုံခြုံရေး အတားအဆီးများကို ဖျက်ဆီးပြီး ညသပိတ်မထွက်နိုင်ရန် လှည့်ပတ်နေ။

⭕ ဒီးမော့ဆို မြို့နယ်တွင်း အာဏာသိမ်းစစ်ကောင်စီက လိုက်လံဖမ်းဆီးမည့် သတင်းကြောင့် ကျေးရွာသားအချို့ တိမ်းရှောင်နေ။

⭕ နိုင်ငံတစ်ဝန်းရှိ ဈေးအချို့ မီးရှို့ခံရသည့်သတင်းကြောင့်  လွိုင်ကော်မြို့၏ အကြီးဆုံး သီရိမင်္ဂလာဈေး (တောင်ဈေး) မှ ဈေးသည်များက  ကုန်ပစ္စည်းများကို ဈေးတွင်မထားဘဲ နေအိမ်သို့ ပြန်သယ်နေ။

⭕ လွိုင်ကော်မြို့၊ နမ့်ကွက်ရပ်ကွက်(ရေစီးကွေ့) ဘီလူးချောင်းအတွင်း ရေကူးပြိုင်ဆော့ရာမှ လူငယ်(၂)ဦး ရေနစ်ပျောက်ဆုံးနေ။ 

⭕ လွိုင်ကော်ပြည်သူများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး အညွန့်သပိတ် ၊ လွိုင်ကော်မြို့လူထုက မင်းတပ်မြို့နှင့်အတူ ရှိကြောင်းသပိတ်၊ ထေးငှားလျားကျေးရွာနှင့် ဘာဒိုကျေးရွာစုပေါင်း၍ ကျိန်စာသပိတ်တို့ ပြုလုပ်။ 

⭕ လွိုင်ကော်မြို့ ၊ တောင်ကွဲစေတီအောက် မီးရထားသံလမ်းအနီးတွင် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့။

⭕ လွိုင်ကော်မြို့  ထေးသမရပ်ကွက် (ချိကယ်ရပ်ကွက်)တွင် ည (၁၀) နာရီဝန်းကျင်က သေနတ်ပစ်ခတ်သံများ ကြားနေရ။

⭕ လွိုင်ကော်မြို့ ချိကယ်(ထေးသမ) ရပ်ကွက်တွင်း  ညပိုင်းက လှည့်လည်နေသည့် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က  ဟာသသရုပ်ဆောင် ဆလိုင်း၊ အပါအဝင် ဘိုဘိုအောင် ၊ ဆော်ရယ်၊ ဘူးရယ်နှင့် ကြည်ဇော်လှိုင်တို့ (၅)ဦးကို ဖမ်းဆီးသွား။