လွိုင်ကော်တရားရုံးစောင့် စစ်ကောင်စီတပ်များနှင့် ကရင်နီအမျိုးသားတော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် တရားရုံးမီးလောင် 

လွိုင်ကော်တရားရုံးစောင့် စစ်ကောင်စီတပ်များနှင့် ကရင်နီအမျိုးသားတော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီးနောက် တရားရုံးမီးလောင် 
နိုဝင်ဘာ 17, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ရှိ ခရိုင်တရားရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားတော်လှန်ရေးတပ်များ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပြီးနောက် တရားရုံးမီးလောင်သွားကြောင်း သိရသည်။

ခရိုင်တရားရုံးစောင့် စစ်ကောင်စီတပ်သားများမှာလည်း သေဆုံးသူများပြီး ထွက်ပြေးသူများလည်းရှိကာ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သဖြင့် အသေးစိတ်အချက်အလက်ကိုမူ မသိရသေးဟု ဒေသခံများက Tachileik News Agencyကိုပြောသည်။ 

ပြီးခဲ့သည့်ရက်ကလည်း ကရင်နီအမျိုးသားတော်လှန်ရေးတပ်များသည် လွိုင်ကော်တက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီးနောက် တက္ကသိုလ်အား ထိန်းချုပ်ထားနိုင်ခဲ့သည်။

#TachileikNewsAgency