ကယားပြည်နယ်အတွင်း မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်းအား လွိုင်ကော်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်နေ

ကယားပြည်နယ်အတွင်း မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်းအား လွိုင်ကော်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်နေ
ဇူလိုင် 27, 2020
By Tachileik News Agency
 ကယားပြည်နယ်အတွင်း မူးယစ်ဆေးဖြတ် ပြန်လည်ထူထောင်ရေးစခန်းအား လွိုင်ကော်မြို့တွင် ဖွင့်လှစ်ရန် စီစဉ်နေ

ကယားပြည်နယ်အတွင်း မူးယစ်ဆေးဝါးစွဲသူများအား ကုသပေးရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် စခန်းအား လွိုင်ကော်မြို့တွင် ဖွင့်လှစ်သွားရန် လုပ်ဆောင်နေကြောင်းသိရသည်။

ကယားပြည်နယ်တွင် မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်နိုင်ရန် လွိုင်ကော်မြို့ ၊ မထောခူကျေးရွာအုပ်စုရှိ မြေဧက(၉.၃၉) ဧကရှိသည့် မြေနေရာအား ကယားပြည်နယ်အစိုးရမှ ချထားပေးထားပြီ ဖြစ်ကြောင်းသိရသည်။

အဲ့ဒီထဲမှာ ကျွန်တော်တို့ မူးယစ်ဆေးစွဲလူနာတွေကို ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးစခန်း တည်ဆောက်ဖွင့်လှစ်ဖို့အတွက်ကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ရုံးဖွင့်ဖို့ ဘဂျက် တင်ပြထားတာဖြစ်တဲ့ အတွက်ကြောင့် အဲ့ဒါတွေ ရရှိပြီဆိုရင် ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်းဖြေကြားလိုပါတယ်။

ဟု ကယားပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ကပြောသည်။

မူးယစ်ဆေးစွဲသူများအား ဆေးဖြတ်ပေးခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးသည့်နေရာ ကယားပြည်နယ်တွင် မရှိသေးဘဲ (၁၅)နှစ်ကြာ ပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ကသဲကျေးရွာရှိ ရွှေပြည်အေးလူငယ်ပြန်လည် ထူထောင်ရေးစခန်း တစ်ခုကိုသာ အားထားနေရကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~